ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာတွင် တပ်စွဲထားသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံး၊ စစ်သား အလောင်းများကို နာရေးကား ၃ စီးဖြင့် မြို့ပေါ် တင်ဆောင်သွား ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဥယျာဥ်ကြီးကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၄၀ […]
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီ ပြန်သိမ်းထားသည့် တွင်းငယ်ကျေးရွာ ဝန်းကျင်တွင် တိုက်ပွဲများ ၅ ရက်ဆက် ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ဒီဇင်ဘာ ၂၁ ရက် နံနက်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ (ဒီဇင်ဘာ ၂၅) တွင် စစ်လေယာဉ်က ဗုံး ၆ လုံး ကြဲချခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြောသည်။ “သူတို့ကိုပြန်ဝိုင်းထားတဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ မြေပြင်ကနေလည်း စစ်တပ် အင်အားအလုံးအရင်းနဲ့ထိုးတယ်။ လေကြောင်းနဲ့လည်းတိုက်နေတယ်။ တိုက်ပွဲက ဒီနေ့ ပိုပြင်းထန်နေတယ်” ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ဒီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းတွင် ပြောသည်။ မန္တလေး-မြစ်ကြီးနား လမ်းပေါ်မှ အိမ်ခြေတစ်ထောင်ကျော်ရှိသည့် တိုက်နယ်ရွာကြီးတစ်ရွာဖြစ်သည့် တွင်းငယ်ကျေးရွာကို PLA, […]
နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို လေတပ်က ၄ ရက်ဆက် ဗုံးကြဲရာ ကလေးများအပါအဝင် ဒေသခံ ၈ ဦး သေဆုံးကြောင်း ဒေသခံများ၊ တော်လှန်ရေးအဖွဲ့များနှင့် ပြောကြသည်။ ယနေ့ (ဒီဇင်ဘာ ၅) နံနက် ၅ နာရီခွဲဝန်းကျင်တွင် မြို့တောင်ဘက် ၅ မိုင်ကျော်အကွာ နွားထိုးကြီး- မလှိုင် ကားလမ်းဘေးကပ်လျက်ရှိ အောင်ပန်းကုန်းကျေးရွာကို ဗုံးကြဲခဲ့ရာ မိသားစုဝင် ၃ ဦး သေဆုံးသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ သေဆုံးသူတို့မှာ ဦးကျော်သူမိုး၊ ဒေါ်ခင်အေးကျင်နှင့် သားဖြစ်သူ မောင်အောင်ပြည့်လျှံ (၉ နှစ်) တို့ ဖြစ်သည်ဟု အနီးရှိ ကျေးရွာတစ်ရွာမှ အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားက ဆိုသည်။ “မနက်ခင်း ထမင်းချက်နေတဲ့အချိန် လေယာဉ် […]