ylliX - Online Advertising Network

TNLA နယ်မြေ နောင်ချိုမြို့ကို လေတပ်က ၂ ရက်ဆက်ဗုံးကြဲ၊ ၉ ဦးသေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင်  လေတပ်က ၂ ရက်ဆက်တိုက်  ဗုံး ၂ လုံးစီ ကြဲမှုကြောင့် အရပ်သား ၉ ဦး သေဆုံးကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။  ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် နောင်ချိုမြို့နယ် ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်အနီး  လေယာဉ်က ဗုံးကြဲရာ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၅ ဦး သေဆုံးသည်၊  ၁ ဦး  ဒဏ်ရာရသည်။  နေအိမ် ၂ လုံး နှင့် ရဲစခန်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။  ဇန်နဝါရီ ၂၁ ရက်နေ့တွင်လည်း နောင်ချိုမြို့ စည်ပင်ရုံးနှင့် ထွေအုပ်ရုံးဝန်းကျင်ကို  ဗုံးကြဲခဲ့သည်၊ ဒေသခံ ၁ ဦး […]

တောင်သာတွင် အင်ဂျင်တပ်လေထီးဖြင့် စစ်တပ် ရက်ဆက်ဗုံးကြဲ၊ ၄ ဦးသေဆုံး

နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က အင်ဂျင်တပ်လေထီးများသုံးကာ ဇန်နဝါ ၁၈ မှစ၍ ရက်ဆက် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ ၄ ဦး သေဆုံးသွားကြောင်း သိရသည်။  မြို့အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာ ပန်းပေါင်းအုပ်စု ညောင်ကုန်းရွာကို ဇန်နဝါရီ ၁၈  ညသန်းခေါင်ကျော်အချိန်တွင် တိုက်ခိုက်စဉ် ဒေသခံ အသက် ၇၈ နှစ်အရွယ် ဒေါ်ခင်သန်း၊ ၅၇ နှစ်အရွယ် ဒေါ်ခင်ညွှတ်၊ ဦးအောင်မြင့်တို့ သေဆုံးသွားသည်။  ဒေါ်ခင်သန်း၏ ခင်ပွန်းဖြစ်သူ အသက် ၇၇ နှစ်အရွယ် ဦးကြည်လှိုင်မှာ နောက်တစ်နေ့တွင် သေဆုံးခဲ့သည်ဟု တောင်သာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။  “စက်တပ်လေထီးကတော့ နေ့စဉ်လိုလိုလာတယ်ဗျ။ အဲ့လိုမျိုးဆက်တိုက်ရှိတယ်။ သေဆုံးတဲ့သူတွေက ပန်းပေါင်း (ကျေးရွာအုပ်စု) ထဲမှာတော့ ၄ ဦးထိရှိသွားပြီးပေါ့ဗျာ။ တိုက်ရိုက်ထိမှန်တာ […]