၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ၁၃ ရက်အတွင်း ရခိုင်ပြည်မှာ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၃၇ ဦးရှိကြောင်း Western News ၏ မှတ်တမ်းအရ သိရသည်။ ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်က ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီသည် လေကြောင်းမှ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ၄၁ ဦးသေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ကျေးရွာတွင်လူနေအိမ်ပေါင်း ၅၀၀ နီးပါး မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ရသည်ဟု ကနဦး […]
တိုက်ပွဲများကြောင့် ရခိုင်ဖက်က ထွက်ပြေးလာကြသည့် စစ်ရှောင်များကို စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများက နေထိုင်ခွင့် မပြု၍ စစ်ဘေရှောင်များမှာ ဒုက္ခရောက်နေကြကြောင်း စုံစမ်း သိရှိ ရသည်။ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ ရခိုင်ပြည်၊ ဂွမြို့အနီးတွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ရခိုင်ပြည်သူများမှာ ဂွမြို့နယ်နှင့်အစပ် ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးနေကြရာတွင် ဒေသအုပ်ချုပ်ရေးမှူးက လက်မခံရဲကြဘဲ ဖြစ်နေကြသည်။ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်း၊ ဂွမြို့မှ စစ်ဘေးရှောင် ပြည်သူများသည် ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်ခွဲ၊ သီတာကုန်းပြင်နှင့် လက်ပန်ပင်ကျေးရွာများသို့ ရောက်ရှိလာကြပြီး စစ်ဘေးရှောင်ပြည်သူများတွင် AA တပ်ဖွဲ့ဝင်များ ရောနှောပါလာလာနိုင်သည်ဟုဆိုကာ လက်မခံကြဟု သိရသည်။ စစ်ဘေးရှောင် ရခိုင်ပြည်သူတစ်ဦးက “ဒီမနက်ပိုင်းမှာ ဂွမြို့က စစ်ဘေးရှောင် ပြည်သူ တော်တော်များများ သီတာကုန်းပြင်နဲ့ လက်ပန်ပင်ကျေးရွာဘက်တွေရောက်တယ်။ ရွာထဲက […]