ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့က စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်ရင်းသုံးခုကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။ သိမ်းပိုက်ရရှိတဲ့ တပ်ရင်းတွေကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ကာရံထားထားတဲ့ ခမရ- ၃၇၁၊ လေကြောင်းကာကွယ်ရေးတပ်နဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ “အခုဆိုရင် AA အတွက် အတော်အခြေအနေကောင်းသွားပြီ။ ၃၇၁ တပ်ရင်းက နပခကိုဝင်ဖို့ အဟန့်အတားတစ်ခုလို ဖြစ်နေတာ။ ခမရ-၃၇၁ ကျသွားပြီဆိုတော့ နပခ ထိကို ထိုးဖောက်ဝင်ရောက်လို့ ရသွားပြီ” လို့ မြေပြင်စစ်ရေး သတင်းအရင်းအမြစ် အမျိုးသားတစ်ယောက်က CJ Platform ကို […]
ရခိုင်ပြည်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ပြည်သူတွေ သတင်းအချက်အလက် အမှန်ကို သိနိုင်ဖို့ အောက်တိုဘာလ ဒုတိယအပတ်ကစလို့ “အာရက္ခဒတ်ချ်” အမည်ရှိ သတင်းဂျာနယ်ကို အခမဲ့ ထုတ်ဝေဖြန့်ချိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ အာရက္ခဒတ်ရှ်- ARAKKADESHလို့ အမည်ပေးထားတဲ့ သတင်းဂျာနယ်ကို ရခိုင်သတင်းသမား သုံးယောက်က ဦးဆောင်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်နဲ့ သံတွဲမြို့နယ်မှာ စတင်ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။ သတင်းဂျာနယ်ဖြန့်ဝေတာနဲ့ပတ်သက်လို့ CJ Platform က ဆက်သွယ်မေးမြန်းရာမှာတော့ ဦးဆောင်သူ သုံးယောက်ထဲပါဝင်တဲ့ ကိုတေဇာအောင်က အခုလို ပြောပါတယ်။ “အဓိက ရခိုင်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း၊ လျှပ်စစ်မီး လုံးဝပြတ်တောက်နေတယ်။ ဖုန်းအားသွင်းရင်လည်း ၁၀၀၀ (ကျပ်) နဲ့ ၂၀၀၀ (ကျပ်) ကြား […]
ရခိုင်ပြည် မြို့တော်စစ်တွေမှာ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၂၅ ယောက်ကို အောက်တိုဘာလ ၂၄ ရက်၊ ည ၇ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ အင်အား ၁၀၀ ဝန်ုးကျင် ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကားတစ်စီး၊ ရဲအချုပ်ကားတစ်စီးတို့နဲ့ စစ်တွေမြို့ မင်းဂံရပ်ကွက်ထဲကို ဝင်ရောက်လာခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်နေသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဧည့်စာရင်း ဝင်စစ်တဲ့ ပုံစံ ဝင်စစ်တာ။ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်တွေလည်း စစ်တယ်။ တချို့ကို ဖမ်းဆီးသွားတယ်။ မှတ်ပုံတင်မှာ စစ်တွေမဟုတ်တဲ့ သူတွေကို အဓိက ဖမ်းတာဖြစ်မယ်လို့ ထင်ပါတယ်”လို့ သူက ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ […]