ylliX - Online Advertising Network

ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိိုက်ခံရမှုအတွင်း ကလေးငယ်များပါ မီးလောင်သေဆုံး

RNA_ဇန်နဝါရီ(၁၁)၊၂၀၂၅ခုနှစ်။ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ကလေးငယ်များအပါအဝင် မီးလောင်သေဆုံးခဲ့ရသည့်ပြည်သူ အနည်းဆုံး (၂၆) ဦးရှိကြောင်း သိရသည်။ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ် (၃၉၈) လုံး မီးလောင်ကျွမ်းခဲ့ရပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။   AA ၏ ထုတ်ပြန်ချက်တွင် လက်ရှိပြုစုနေသောစာရင်းများအရ သေဆုံးသူ (၂၆) ဦး နှင့် အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ (၁၂) ဦး နှင့် အသေးစား(အပေါ့စား)ဒဏ်ရာရရှိသူ […]

ရခိုင်ပြည်နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ရင်းများ အမြစ်ပြတ်ချေမှုန်းခံရ

RNA_ဒီဇင်ဘာ(၇)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေသော ဂွမြို့နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်းနှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်းတို့ပူးပေါင်းထားသည့် စစ်ကြောင်းတခုလုံး အာရက္ခတပ်တော်၏ အမြစ်ပြတ်ချေမှုန်းခံလိုက်ရကြောင်း သိရသည်။ စစ်ကူတက်လာသော အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို အာရက္ခတပ်တော်မှ ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီးနှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများ၌ နိုဝင်ဘာလ (၂၄) ရက်မှ စတင်ဖြတ်တောက်တိုက်ခိုက်ရာ (၃) ရက်အတွင်း ခြေမှုန်းရာတွင် အင်အား (၁၈၄) ဦးပါ စစ်ကြောင်းမှ အလောင်း (၁၂၀) ကျော်နှင့် စစ်သုံ့ပန်းများ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ယမန်နေ့ညပိုင်းတွင် […]

အာရက္ခတပ်တော်အနေဖြင့် တောင်ကုတ်မြို့ကို သိမ်းထားနိုင်ပြီး မြို့ပြင်ရှိစခန်းများကို ထိုးစစ်ဆင်နေ

RNA_နိုဝင်ဘာ(၂၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အာရက္ခတပ်တော် – AA မှ သိမ်းပိုက်ထားပြီီးမြို့ပြင်ရှိစခန်းများကို တပြိုင်တည်း ဆက်လက်ထိုးစစ်ဆင်နေသည်ဟု AA ကထုတ်ပြန်ထားသည်။ တောင်ကုတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ်အတွင်း စစ်ကောင်စီ၏ စခန်းများဖြစ်သော တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ်နှင့် ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်းများ၊ တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသောစခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စခန်း၊ မြို့အဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်းနှင့် မြို့မ ရဲစခန်းအပါအဝင် စခန်းနှင့်ဂိတ် (၁၀) ခုအား နိုဝင်ဘာ (၄) ရက် မှ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီး နိုဝင်ဘာ ၂၄ ရက်နေ့တွင် တောင်ကုတ်မြို့အား အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့သည်ဟု သိရသည်။ မြို့သိမ်းထားနိုင်သော်လည်း […]