မိုးမခ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၄ စစ်ကောင်စီ တပ်ထိပ်ပိုင်း ရာထူးအပြောင်းအလဲလုပ်ခြင်းရဲ့ အကြောင်းခံ၊ ထိုင်းနိုင်ငံက မြန်မာ့အရေး ဆွေးနွေးပွဲ ခုရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ စစ်တပ်အတွင်း တာဝန်ယူထားတဲ့ ထိပ်ပိုင်း ဗိုလ်ချုပ်တွေထဲက ကာကွယ်ရေးဝန်ကြီးရာထူး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နဲ့ အချို့စစ်အရာရှိချုပ် အစရှိတဲ့ ရာထူးတာဝန်တွေကို အပြောင်းအလဲ လုပ်ဆောင်တာကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရေတပ်က လာတဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ကာကွယ်ရေးဝန်ကြီးရာထူးကနေ ဝန်ကြီးချုပ်ရုံးဝန်ကြီး နဲ့ ဒုဝန်ကြီးချုပ် ရာထူးသို့ပြောင်းလဲလိုက်ပြီး ၄င်းရာထူးကို ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ခန့်အပ်ကာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မျက်စေ့ကျခြင်း ခံရတဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့ ရာထူးဖြစ်တဲ့ စစ်ဦးစီး အရာရှိချုပ်ရာထူးကိုတော့ မုံရွာအခြေစိုက် […]