ylliX - Online Advertising Network

ယာယီစစ်မှုထမ်းကင်းလွတ်ခွင့်အတွက် တစ်အိမ်ကျပ်တစ်သိန်းအထိ ရဲနှင့်ထွေအုပ်ကို လာဘ်ထိုးနေရ – Myanmar Now

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပါဝင် စစ်ကောင်စီထိန်းချုပ်နယ်မြေများတွင် လူငယ်များ အဓမ္မစစ်သားစုဆောင်းခံရသည့် ဖြစ်စဉ်များစိပ်လာချိန် ထိုသို့အဖမ်းမခံရရန်နှင့် စစ်မှုမထမ်းရရန်ဟုဆိုကာ ဒေသအချို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျပ်သိန်းဆယ်ချီ ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။  ပြီးခဲ့သည့် ဒီဇင်ဘာလထဲတွင် ထိုကဲ့သို့ ငွေကောက်ခံလာခြင်းဖြစ်ကြောင်း အမရပူရ၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ ရမည်းသင်း၊ ပျဉ်းမနားမြို့နယ်တို့မှ ကျေးရွာဒေသခံ ၅ ဦးထက်မနည်းက Myanmar Now ပြောဆိုသည်။  မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများက ကျေးရွာအုပ်ချုပ်ရေးမှူးများကို အစည်းဝေးခေါ်ယူပြီးနောက် ထိုသို့ငွေကောက်ခံခြင်းဖြစ်သည်ဟုလည်း အဆိုပါ ဒေသခံများက ဆိုသည်။ တစ်အိမ်ထောင်လျှင် ကျပ် ၁၀၀,၀၀၀ ဝန်းကျင်နှုန်းဖြင့် တစ်ရွာလုံးစာ ကျပ်သိန်း ၆၀ ဝန်းကျင်ပေးခဲ့ရကြောင်း လုံခြုံရေးအရ ကျေးရွာအမည် မဖော်ပြလိုသည့် အိမ်ခြေ ၆၀ ကျော်ရှိ ဝမ်းတွင်းမြို့နယ်မှအတွင်းရှိ ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သက်ဆိုင်ရာ […]