ylliX - Online Advertising Network

ဗန်းမော်မြို့ပေါ် ရပ်ကွက်တချို့ကို KIA ထိန်းချုပ် – Myanmar Now

ကချင်ပြည်နယ် တောင်ပိုင်း တရုတ်−မြန်မာနယ်စပ်အနီးရှိ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပါဝင်သည့် ပူးပေါင်းတပ်က  ယနေ့ (ဇန်နဝါရီ ၆) တွင် မြို့တွင်း ရပ်ကွက်တချို့ကို ထိန်းချုပ်လိုက်သည်ဟု သိရသည်။ ဒီဇင်ဘာ ၄ ရက်နေ့တွင် မြို့တွင်းသို့   ပူးပေါင်းတပ် ဝင်ရောက်နိုင်ခဲ့ပြီးနောက် တစ်လကျော်ကြာချိန်တွင်  ထိုအခြေအနေသို့ ရောက်သွားခြင်း ဖြစ်သည်ဟု သိရသည်။ မြို့အတွင်း ရုံးများတွင် တပ်စွဲထားသော  စစ်ကောင်စီတပ်သားများ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်သို့ သွားရောက်ပူးပေါင်းနေကြသည်ဟု သတင်းရကြောင်း  KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “ကာကင်းစခန်း တော်တော်များများကိုတော့ သိမ်းပြီးမှ ရှင်းလိုက်ရတာရှိပါတယ်။ နောက် မြို့တွင်းမှာလည်းပဲ တချို့ရပ်ကွက်တွေမှာကတော့ KIA တပ်ပေါင်းစုတွေ နေရာယူထားတာကို ကြားသိရပါတယ်။ ရဲစခန်းတွေ၊ […]