ylliX - Online Advertising Network

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း “ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကူညီကြိုးစားစို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မွန်ပြည်နယ် ရော်ဘာအလုပ်ရုံဆွေးနွေးပွဲအခမ်းအနား တက်ရောက်

  မော်လမြိုင်,  ဒီဇင်ဘာ ၁၈ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာနိုင်ငံ၏ အဓိကစက်မှုကုန်ကြမ်းထွက်ကုန်တစ်ခုဖြစ်သည့် ရော်ဘာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးနိုင်စေရန်ရည်ရွယ်၍ “ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဝန်းကူညီကြိုးစားစို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် မွန်ပြည်နယ် ရော်ဘာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၏ ရော်ဘာစိုက်ပျိုးဧက (၅) သိန်းကျော်တွင် အစေးခြစ် ဧကမှာ (၃)သိန်းကျော်ရှိပြီး ရော်ဘာစိုက်ဧရိယာ၏ (၉၀)ရာခိုင်နှုန်းမှာ လုပ်ကွက်ငယ် ခြံငယ်ရှင်များဖြစ်ပြီး ခြံလတ်၊ ခြံကြီး နှင့် ကုမ္ပဏီစိုက်ခင်းများအနေဖြင့် (၁၀%)အောက် စိုက်ပျိုးထားကြောင်း၊ မွန်ပြည်နယ်တွင် ရော်ဘာကဏ္ဍဖွံဖြိုးတိုးတက်လာစေရေးအတွက် အထွက်နှုန်းနှင့် အရည်အသွေးမြင့်မားရေး ဆောင်ရွက်ရန်အပြင် တန်ဖိုးမြှင့်ထုတ်ကုန်များ […]