မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက် တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် ဗိုလ်ကြီးဟောင်း လင်းဦးနဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပါတယ်။မနေ့က နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်မှာ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးအဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ရေးမြို့နယ်မှာ အင်အားကြီး ပျူခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ကြီးဟောင်း လင်းဦး ဒဏ်ရာပြင်းထန်ရရှိပြီး အုပ်ချုပ်ရေးမှူးနဲ့ အများအပြားလဲ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ရေးဘီလူးအဖွဲ့ဟာ ရေးမြို့နယ်အတွင်း စစ်တပ်နဲ့ ၎င်းတို့ထောက်တိုင်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကို နှိမ်နင်းနေတဲ့အဖွဲ့ဖြစ်ပြီး စစ်မှုထမ်းကောက်ခံခြင်း၊ သန်းခေါင်းစာရင်းကောက်ခံမှုများ မပြုလုပ်ရဲအောင် ပြည်သူတွေကို ကာကွယ်ပေးနေတဲ့အဖွဲ့လဲဖြစ်ပါတယ်။ Continue Reading Source […]
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၄ ရုရှားရေတပ်က စစ်ရေယာဥ်တွေ ပါဝင်တဲ့ စစ်ကောင်စီရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှု၊ ရေးမြို့နယ် တောင်ပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ် ကြိုးစား ခုရက်ပိုင်းအတွင်း ရုရှားနိုင်ငံ ပစိဖိတ်ပင်လယ်ပြင်တပ်က စစ်ရေယာဥ် ၄ စီး ရေကြောင်းလုံခြုံရေး ဆောင်ရွက်ဖို့နဲ့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ဆိုတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး မြန်မာစစ်ကောင်စီ ရေတပ်က တနင်္သာရီတိုင်း မြိတ်မြို့ အနောက်ဘက် ပင်လယ်ပြင်မှာ ရေတပ်စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်မယ့်အကြောင်း ထုတ်ပြန်ကြေညာထားတာလည်း တွေ့ရပါတယ်။ ရုရှား ရေတပ်က စစ်ရေယာဥ် ၄ စီးအနက် ၃ စီးက Corvette အမျိုးအစားလို့ခေါ်ဆိုတဲ့ ကမ်းရိုးတန်းတလျှောက် လုံခြုံရေး ကင်းလှည့်ရာမှာ သုံးလေ့ရှိတဲ့ ဒုံးကျည်တပ်ဆင်ထားတဲ့ တိုက်ခိုက်ရေး စစ်ရေယာဥ်တွေ ဖြစ်ပြီး ကျန်တစီးကတော့ […]