နေပြည်တော် နိုဝင်ဘာ ၁၈ စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲသောခရီးသွားလုပ်ငန်းကော်မရှင်က ဦးဆောင်ကျင်းပသည့် ကမ္ဘာလုံး ဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲသောခရီးသွားလုပ်ငန်းကွန်ဖရင့်နှင့်ဆက်စပ်၍ စင်ကာပူနိုင်ငံခရီးသွား လုပ်ငန်းဘုတ်အဖွဲ့က အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံ အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။ နိုဝင်ဘာ ၁၃ ရက်တွင် စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ရုံး၌ ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏အဓိက ခရီးသွားစျေးကွက်နိုင်ငံများနှင့် အနာဂတ်မျှော်မှန်းချက်၊ အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ မဟာဗျူဟာ ၂၀၃၀ ရေးဆွဲရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအလားအလာများအရ အနာဂတ်အာဆီယံ ဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းလျာထား […]