ylliX - Online Advertising Network

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်း ရုရှား-မြန်မာ သံတမန် ဆက်ဆံရေး တည်ထောင်မှု (၇၆) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်

(၂၃-၁၁-၂၀၂၄ရက်၊ စိန့်ပီတာစဘတ်)  ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး တည်ထောင်မှု (၇၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီတို့ ပူးပေါင်း ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ယခုနှစ် နိုဝင်ဘာလ ၁၉-၂၀ ရက်များတွင် ကျင်းပ ပြုလုပ်ခဲ့သည့် Myanmar Days in St. Petersburg အခမ်းအနားများသို့ တက်ရောက်ခဲ့ပါသည်။ ပထမရက်ဖြစ်သည့် ၁၉-၁၁-၂၀၂၄ ရက် (အင်္ဂါနေ့) တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းမှ စိန့်ပီတာစဘတ်အစိုးရတက္ကသိုလ် (SPbGU) နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ ကျောင်းသားကျောင်းသူများအား Open Lecture တစ်ရပ် ပို့ချသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ […]

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့်အဖွဲ့ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် သစ်ပင်စိုက်ပျိုး

ချောင်းသာ၊ နိုဝင်ဘာ ၁၄ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယ​နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့အဝင်တွင် ပြုလုပ်သည့် ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် မီးပုံးပျံများလွှတ်တင်ပွဲနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (မိုင်တိုင် ၃၅/၅နှင့် ၃၅/၆) အကြား ချောင်းသာမြို့ အဝင်လမ်းမကြီးဘေးတွင် ကျင်းပပြုလုပ်သော ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်သစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ပြီး အထိမ်းအမှတ်သစ်ပင်(ခရေပင်)ကို စိုက်ပျိုးခဲ့သည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ […]

ရုရှား-မြန်မာ တိုက်ရိုက်လေယာဉ်ခရီးစဉ်ရှိသော်လည်း ခရီးသွားလုပ်ငန်း မအောင်မြင် – Myanmar Now

နိုင်ငံခြားဝင်ငွေရရေး၊ နိုင်ငံတည်ငြိမ်နေကြောင်းပုံဖော်ရေး ရည်ရွည်ချက်များဖြင့် တွန်းတွန်းတိုက်တိုက် လုပ်နေသော စစ်ကောင်စီ၏ ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့လည်ပတ်ရေး အစီအစဉ် အလုပ်မဖြစ်သေးကြောင်း တွေ့ရသည်။  ၂၀၂၂၊ ဇူလိုင်မှ စတင်ကာ ရုရှားခရီးသွားများကို ဗီဇာကင်းလွတ်ခွင့် တစ်နှစ်ခွင့်ပြုထားပြီး ရုရှား-မြန်မာ လေကြောင်းခရီးစဉ် တိုက်ရိုက်ပြေးဆွဲနေသည့်တိုင် ရုရှားခရီးသွား များပြားမလာသေးပေ။  ရုရှားနိုင်ငံ၏ တတိယမြောက်အကြီးဆုံးမြို့ဖြစ်သော၊  လူဦးရေ တစ်သန်းခွဲကျော် နေထိုင်သော နိုဗိုစီဗစ်မြို့ (Novosibirsk) သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း  (MAI -Myanmar National Airlines) က ၂၀၂၃၊ စက်တင်ဘာမှ စတင်ကာ  တစ်ပတ်လျှင် နှစ်ကြိမ် ပြေးဆွဲနေသည်။   စစ်ကောင်စီလက်အောက်ခံ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၄ နှစ်စမှ ဩဂုတ်လအထိ ရုရှားခရီးသွား ၂၅၄၄ ဦး ဝင်ရောက်လာခဲ့သည်။ ယမန်နှစ် […]