စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ်ခဲ့ကြသည့် ရခိုင်သူပုန် AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်နှင့်ပတ်သတ်၍ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားထုတ်ပြန်ကြေညာချက် ရက်စွဲ။ ။၁၃၈၆ ခုနှစ် နတ်တော်လဆုတ် (၁၃)ရက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက် စနေ နေ့ စာအမှတ်။ ။၁၃/ မ မ ရ သ /၂၀၂၄ ၁။ ပြည်ထောင်စု သမ္မတ မြန်မာနိင်ငံတော်သည် (၁၃၅)မျိုးသော တိုင်းရင်းသားတို့ စည်းစည်းလုံးလုံးဖြင့် အေးအတူပူအမျှ နေထိုင်ခဲ့ကြသော နိုင်ငံဖြစ်သည်။ ယနေ့ လှလှပပ တည်ရှိနေသော မြန်မာ့မြေပုံသည် (၁၃၅)မျိုးသော တိုင်းရင်းသားတို့၏ ပိုင်နက်နယ်မြေ ဖြစ်သည်။ လူမျိုးစုတစ်စုထဲက ပိုင်သော နယ်မြေဆိုသည်မှာ တစ်လက်မမျှ မရှိပါ။ လူမျိုးစုအားလုံး ပိုင်သော ဘုံဆိုင်နယ်မြေသာ ဖြစ်သည်။ […]