ylliX - Online Advertising Network

စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ်ခဲ့ကြသည့် ရခိုင်သူပုန် AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်နှင့်ပတ်သတ်၍ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားထုတ်ပြန်ကြေညာချက်


 

စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ်ခဲ့ကြသည့်  ရခိုင်သူပုန် AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်နှင့်ပတ်သတ်၍ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။၁၃၈၆ ခုနှစ် နတ်တော်လဆုတ် (၁၃)ရက်

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက် စနေ နေ့

စာအမှတ်။ ။၁၃/ မ မ ရ သ /၂၀၂၄

၁။ ပြည်ထောင်စု သမ္မတ မြန်မာနိင်ငံတော်သည် (၁၃၅)မျိုးသော တိုင်းရင်းသားတို့ စည်းစည်းလုံးလုံးဖြင့် အေးအတူပူအမျှ နေထိုင်ခဲ့ကြသော နိုင်ငံဖြစ်သည်။ ယနေ့ လှလှပပ တည်ရှိနေသော မြန်မာ့မြေပုံသည် (၁၃၅)မျိုးသော တိုင်းရင်းသားတို့၏ ပိုင်နက်နယ်မြေ ဖြစ်သည်။ လူမျိုးစုတစ်စုထဲက ပိုင်သော နယ်မြေဆိုသည်မှာ တစ်လက်မမျှ မရှိပါ။ လူမျိုးစုအားလုံး ပိုင်သော ဘုံဆိုင်နယ်မြေသာ ဖြစ်သည်။ 

၂။ ပုဂံခေတ် ရာဇကုမာရကျောက်စာကို ကြည့်လျှင် မြန်မာ့မြေပေါ်တွင် တိုင်းရင်းသားများ စုပေါင်းနေထိုင်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ရာဇကုမာရမင်းသားသည်ပင် ဓညဝတီခေါ် ရခိုင်ဒေသကို အုပ်ချုပ်ခဲ့သော နယ်စားမင်းသားတစ်ပါးပင် ဖြစ်သည်။ ထို့ကြောင့် ရာဇကုမာရကျောက်စာသည် ပင်လုံစာချုပ်ထက် ခိုင်မာသော “ပြည်ထောင်စုစာချုပ်တစ်ခု” ဖြစ်သည်။ ယင်းပြည်ထောင်စု စာချုပ်ကို ကြည့်လျှင် တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် စည်းစည်းလုံးလုံး နေထိုင်ခဲ့ကြသည်ကို တွေ့ရပါသည်။ 

၃။ ယနေ့အချိန်၌ မြန်မာနိုင်ငံသည် ပဋိပက္ခမျိုးစုံ ရင်ဆိုင်လျက် ရှိ၏။ ယင်းသို့ ပဋိပက္ခဖြစ်ရခြင်းမှာ လက်နက်ကိုင် သူပုန်များက  စစ်ပွဲများ မဖြစ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်ခြင်းကြောင့် ဖြစ်သည်။ ဒေသတွင်း စစ်ပွဲများ ဖြစ်သောအခါ ဒေသခံလူထုသည် အိုးအိမ်ကို စွန့်ပစ်၍ တခြားနေရာသို့ ရွှေ့ပြောင်း နေထိုင်ကြရလေသည်။  AA ကို လက်မခံကြသည့် ရခိုင်လူမျိုးများသည် စစ်ပွဲများကြောင့် အိုးအိမ်ကို စွန့်ခွါပြီး ရန်ကုန်မြို့တွင် အခြေချ နေထိုင်လျက် ရှိကြသည်။ မြန်မာလူမျိုးများကလည်း  ရခိုင်တိုင်းရင်းသားများကို ကူညီရိုင်းပင်းလျက် ရှိပါသည်။ 

၄။ လက်နက်ကိုင် သူပုန်အဖွဲ့ထဲတွင် ရခိုင်သူပုန် AA သည် အယုတ်မာဆုံး အဖွဲ့ဖြစ်သည်။ ဒေသစစ်ပွဲများ၌ ရခိုင်လူထုကို ငဲ့ညှာ၍ အလံဖြူထောင်ခဲ့ကြသည့် တပ်မတော်သားများအား ကျင်းတူးခိုင်းပြီး ၎င်းမြေကျင်းထဲသို့ ထည့်၍ လည်လှီးကာ သတ်ဖြတ်ခဲ့ကြသည်။ ထို့အပြင် စစ်သုံ့ပန်းများ လည်လှီးသတ်ဖြတ်မှုကို ဗီဒီယို ရိုက်ကူး၍လည်း အွန်လိုင်းပေါ် လွှင်တင်ခဲ့ကြသည်။ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ စီးလာသော သင်္ဘောကို ဖောက်ခွဲ၍ ရေနစ်နေသည့် အမျိုးသမီးများနှင့် ကလေးများကိုလည်း  သတ်ဖြတ်ခဲ့ကြသည်။ AA ၏ လုပ်ရပ်သည် ဂျနီဗာကွန်ဗားရှင်း၏ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်သည့်အတွက်  စစ်ရာဇဝတ်မှူ ကျူးလွန်းခြင်းပင် ဖြစ်သည်။

၅။ ဂျနီဗာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေသော

ရခိုင်သူပုန် AA အကြမ်းဖက်အဖွဲ့ကို နိုင်ရေးပါတီများ၊ အသင်းအဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်းများမှ အသီးသီး ဝိုင်းဝန်း၍ ဆန့်ကျင် ကန့်ကွက် ရှုတ်ချသင့်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကလည်း အေးချမ်းစွာ နေလိုသော ရဟန်းရှင်လူ ပြည်သူတို့အား ထိုသို့သော လက်နက်ကိုင် သူပုန်အဖွဲ့၏ နှောက်ယှက်မှုမှ အကာအကွယ်ပေးနိုင်ဖို့ အမြန်ဆုံး ဆောင်ရွက်သင့်ပါသည်။

၆။ မြန်မာနိုင်ငံကို စစ်နွံထဲ နစ်သထက်နစ်အောင် လုပ်ကိုင်ဆောင်ရွက်နေသော အကြမ်းဖက် အဖွဲ့အစည်းများအားလည်းကောင်း၊ မြန်မာနိုင်ငံမှ ခွဲထွက်ကာ ရခိုင်နိုင်ငံ ထူထောင်ဖို့ ကြိုးစားနေသော ဒေသခံ လူတချို့အားလည်းကောင်း၊ လူသားခြင်း စာနာထောက်ထားမူမရှိပဲ  စစ်ရာဇဝတ်မူ ကျူးလွန်နေသည့် ရခိုင်သူပုန် AA အဖွဲ့၏ လူမဆန်သည့် လုပ်ရပ်အားလည်းကောင်း မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ(ရန်ကုန်)မှ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားကြေငြာချက် ထုတ်ပြန်လိုက်သည်။ 

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)





Source link

Leave a Reply

Your email address will not be published. Required fields are marked *