ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြုအားကစားအသင်းများ လေ့ကျင့်နေမှုကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ကြည့်ရှုအားပေး နေပြည်တော် နိုဝင်ဘာ ၂၈ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ယနေ့ညနေပိုင်းတွင် တည်းခိုရေးစခန်းရှိ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် သရုပ်ဖော်ကပြမည့် ဝန်ကြီးဌာနလက်အောက်ရှိပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများ လေ့ကျင့်နေမှုကို သွားရောက်အားပေးသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့မှ ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံအားပေးပြီး ချီးမြှင့်ငွေများပေးအပ် သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနကိုယ်စားပြု ပိုက်ကျော်ခြင်း အသင်း၊ ဘောလုံးအသင်းနှင့် […]
နေပြည်တော် နိုဝင်ဘာ ၂၈ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ယနေ့ ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် သရုပ်ဖော်ကပြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစား အသင်းများ လေ့ကျင့်နေမှုကို သွားရောက်အားပေးသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဖွင့်ပွဲအခမ်းအနား၌ သရုပ်ဖော်ကပြမည့် ဝန်ကြီးဌာနလက်အောက်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ပျဉ်းမနားမြို့၊ မိုးလုံလေလုံ အားကစားရုံ၌ ဝန်ကြီးဌာန အမျိုးသား ပိုက်ကျော်ခြင်းအသင်း လေ့ကျင့်နေမှုကိုလည်းကောင်း၊ နေပြည်တော် အထက(၇) အားကစားကွင်း၌ ဝန်ကြီးဌာန ဘောလုံးအသင်း လေ့ကျင့်နေမှုကိုလည်းကောင်း […]