၁၅. ၁၂. ၂၀၂၄Translated by Thettant မြန်မာ့ရေပိုင်နက်တွင် ငါးခိုးဖမ်းသူ ထိုင်းနိုင်ငံသားလေးဦးကို ပြန်လွှတ်ရေးလုပ်ငန်းစဥ်မပြီးပြတ်သေးသည့်အချိန်တွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားငါးဖမ်းလုပ်သား ၆ ဦးကို လက်တုံ့ပြန် ဖမ်းဆီးလိုက်သည်။ မြန်မာနိုင်ငံမှ ငါးဖမ်းရေယာဉ် ပြည့်ဖြိုးလှိုင် – ၁၈ နှင့် မြန်မာနိုင်ငံသား ခြောက်ဦးကို တရားမဝင် ရေထွက်ကုန်များ မှောင်ခို သယ်ဆောင်မှုဖြင့် ရနောင်းမြို့တွင် ဖမ်းဆီးခဲ့ကြောင်း Thai Enquirer က ဒီဇင်ဘာ ၁၄ ရက်တွင် ဖော်ပြမှုအရ သိရသည်။ အဆိုပါ ပြည့်ဖြိုးလှိုင် – ၁၈ ငါးဖမ်းသင်္ဘောပေါ်တွင် တင်သွင်းခွင့် မရှိသော အလေးချိန် တန် ၄၀ ခန့်ရှိ ဆားထုပ် အိတ် ၂၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မြန်မာသင်္ဘောသားခြောက်ဦးအား ပက်နမ်ရနောင်း […]
အီရန်က စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အီရန်သတင်း မီဒီယာတွေမှာလည်း အီရန်မြို့တော် တဟီရန်နဲ့ အနားက Karaj မြို့တွေမှာ စနေမနက် အစောပိုင်းက ပေါက်ကွဲသံ အတော်တော်များများ ကြားရတယ်လို့ ဖေါ်ပြထားပါတယ်။ အစ္စရေး ကာကွယ်ရေးဌာနက သူတို့ဟာ အီရန်က စစ်ရေးပစ်မှတ်တွေကို တိတိကျကျ ပစ်ခတ်နိုင်ခဲ့တယ်လို့ လူမှုမီဒီယာ X မှာ တင်ခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။ အီရန်က အာဏာရှင်နဲ့ ဒေသတွင်းက သူ့အပေါင်းအပါတွေဟာ အောက်တိုဘာ ၇ ရက်ကစလို့ အစ္စရေးကို မနားတမ်း တိုက်ခိုက်နေတာ ဖြစ်ပြီး၊ အီရန်ကနေ တိုက်ရိုက် ပစ်ခတ်တာအပါအဝင် နေရာ ၇ နေရာကနေ တိုက်ခိုက်နေကြောင်း၊ အစ္စရေးဟာ ကမ္ဘာတလွှား အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းရဲ့ ရပိုင်ခွင့်နဲ့ တုံ့ပြန်ရမယ့် […]