အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ နှင့် မိတ်ဖက်ထောက်လှမ်းရေးအေဂျင်စီတို့ပူးပေါင်းပြီး Mamit ခရိုင်အနောက်ပိုင်း Phaileng ရဲစခန်းပိုင်နက် နယ်မြေအတွင်းရှိ Saithah ရွာပြင်တွင်ချင်းအမျိုးသားတပ်ဦး၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနဲ့အတူ AK-47 သေနတ် ၆ လက်၊ AK – ကျည် ၁၀၀၅၀ တောင့် နဲ့အခြားစစ်သုံးလက်နက်များ ဖမ်းစီးရမိခဲ့ကြောင်း သိရပါတယ်။ Source link
အီတလီနိုင်ငံ အခြေစိုက် နည်းပညာနဲ့ ကာကွယ်ရေး ခေတ်မှီထုတ်ကုန် ရောင်းချတဲ့ Leonardo ကုမ္ပဏီက မြန်မာရေတပ်အတွက် လက်နက်တွေ ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဒီနေ့ ငြင်းဆိုလိုက်ပါတယ်။သတင်းမီဒီယာတချို့နဲ့ ကာကွယ်ရေးဆိုင်ရာ ဂျာနယ်တွေဖြစ်တဲ့ Il Manifesto၊ Asian Defence Journal နဲ့ James စာစောင်တွေမှာ ရေးသားနေတဲ့ မြန်မာရေတပ်အတွက် OTO Melara 76/62 အမြောက်တွေ ရောင်းချခဲ့တယ်ဆိုတဲ့ သတင်းကို Leonardo ကုမ္ပဏီက ငြင်းဆိုလိုက်တာပါ။ စစ်ကောင်စီအတွက် ခေတ်မှီရေယာဉ်သုံး အော်တိုအမြောက်၊ ဒါမှမဟုတ် လေကြောင်းရန်ကာကွယ်ရေး အမြောက်ခေါ် Melara 76/62 အမြောက်တွေ ရောင်းချခဲ့တယ်ဆိုပြီး စာစောင်တွေနဲ့ သတင်းတွေမှာ စွပ်စွဲ ရေးသားခဲ့တာပါ။Leonardo ကုမ္ပဏီ သဘောတူညီထားတဲ့ လက်နက်ရောင်းချခွင့် လိုင်စင် သဘောတူညီချက်မှာ ကုမ္ပဏီနဲ့ […]
နေပြည်တော်၊ ဒီဇင်ဘာ ၂၆ နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်၊ အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းငွေ (၆၆)နှစ်၊ (ဘ)ဦးလှရွှေသည် ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ရှိနေစဉ် အကြမ်းဖက်သမားများက […]
ရန်ကုန်၊ ဒီဇင်ဘာ ၅ စစ်ကိုင်းတိုင်း၊ ကောလင်း-ဝန်းသို လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း ၂ က ပြောဆိုသည်။ အောက်တိုဘာလ ၂၀ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသော ကောလင်း-ဝန်းသို လမ်းပိုင်းကို ကောလင်းဘက်မှလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကြောင်းနှင့် ဝန်းသို ဘက်မှလာသည့် အင်အား ၁၂၀ ကျော် ပါ စစ်ကြောင်းတို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၂ ကြောင်း ကို ကောလင်းခရိုင်အမှတ် ၂ တပ်ရင်းမှ […]
ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တီမြို့ကို KIA က သိမ်းယူပြီးနောက် စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက် ၁၀၀ကျော်နှင့် ဒရုန်းများပါ သိမ်းပိုက်ရရှိကြောင်း ကချင်စစ်ရေးသတင်းမြစ်ထံက သိရပါတယ်။နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကန်ပိုက်တီမြို့ကို KIA PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗိုလ်ကြီးအပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကာ လက်နက် ၁၀၀ ကျော်နဲ့ ခဲယမ်းများ၊ ဒရုန်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာ ကန်ပိုက်တီမြို့ရှိ ဌာနဆိုင်ရာတွေနဲ့ တရုတ်-မြန်မာချစ်ကြည်ရး ဥမင်လှိုဏ်ခေါင်းတို့မှာ ကချင်အမျိုးသားအလံကို လွှင့်ထူထားပါတယ်။ Continue Reading Source link