ylliX - Online Advertising Network

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – လက်နက်လူသူ အလှူတော်ရေစက်ချစာတမ်း

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – လက်နက်လူသူ အလှူတော်ရေစက်ချစာတမ်း (မိုးမခ) ဒီဇင်ဘာ ၆ ၊ ၂၀၂၄ သတ်ဒမြ ပေါရိသာဒသရေကြိုး ငမွှေထိုး၏ အသုဘအခမ်းအနား၌ ချီးမြင့်အပ်သော အလှူတော်ရေစက်ချစာတမ်း။ မြို့ကိုးဆယ်လေး ရွာသေး ရွာကြီးက ထောင်ချီ ကရင်နီ ချင်းကချင် ကရင်ရခိုင်ကိုးကန့်ပလောင် ပြည်ထောင်များစွာကိုလည်းကောင်း၊ ရှရှားနှင့်တရုတ်အား အချုပ်အချာအာဏာ လျှာနာ ခွာနာ  ပသက်နာကိုလည်းကောင်း၊ ဒုံးဆင်ထားသည့် ကားမျိုးစုံစွာ သံချပ်ကာနှင့် အရာရှိစီး စစ်သည်စီးကား အစားစားကိုလည်းကောင်း၊ ယခုပင် ဂွတွင် တင့်ကား ၁၇ စီး အလှူ ပူပူနွေးနွေးကိုလည်းကောင်း၊  ဝေဟင်စစ်အတွက် ဝေဟင်ပစ်လက်နက်ကြီးများကိုလည်းကောင်း၊ မြေပြင်စစ်အတွက် မြေပြင်ကစ် တအုပ်တမ ကပစ ထုတ်သမျှနဲ့ လက်နက်ကြီးလက်နက်ငယ် ဟိုကဒီက ပြည်ပဝယ်အသွယ်သွယ်ကိုလည်းကောင်း၊ လက်နက်တင်မက ခဲယမ်းမီးကျောက် လိုသလောက်ပြင် […]