ylliX - Online Advertising Network
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လက်နက်လူသူ အလှူတော်ရေစက်ချစာတမ်း

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – လက်နက်လူသူ အလှူတော်ရေစက်ချစာတမ်း


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – လက်နက်လူသူ အလှူတော်ရေစက်ချစာတမ်း

(မိုးမခ) ဒီဇင်ဘာ ၆ ၊ ၂၀၂၄


သတ်ဒမြ ပေါရိသာဒသရေကြိုး ငမွှေထိုး၏ အသုဘအခမ်းအနား၌ ချီးမြင့်အပ်သော အလှူတော်ရေစက်ချစာတမ်း။

မြို့ကိုးဆယ်လေး ရွာသေး ရွာကြီးက ထောင်ချီ ကရင်နီ ချင်းကချင် ကရင်ရခိုင်ကိုးကန့်ပလောင် ပြည်ထောင်များစွာကိုလည်းကောင်း၊ ရှရှားနှင့်တရုတ်အား အချုပ်အချာအာဏာ လျှာနာ ခွာနာ  ပသက်နာကိုလည်းကောင်း၊ ဒုံးဆင်ထားသည့် ကားမျိုးစုံစွာ သံချပ်ကာနှင့် အရာရှိစီး စစ်သည်စီးကား အစားစားကိုလည်းကောင်း၊ ယခုပင် ဂွတွင် တင့်ကား ၁၇ စီး အလှူ ပူပူနွေးနွေးကိုလည်းကောင်း၊  ဝေဟင်စစ်အတွက် ဝေဟင်ပစ်လက်နက်ကြီးများကိုလည်းကောင်း၊ မြေပြင်စစ်အတွက် မြေပြင်ကစ် တအုပ်တမ ကပစ ထုတ်သမျှနဲ့ လက်နက်ကြီးလက်နက်ငယ် ဟိုကဒီက ပြည်ပဝယ်အသွယ်သွယ်ကိုလည်းကောင်း၊ လက်နက်တင်မက ခဲယမ်းမီးကျောက် လိုသလောက်ပြင် တပ်ဆင်ပြသူ ပစ်ပြသူ လူသူစစ်သည် တိုက်ရည်လဲဝ တပ်အကြောင်းလဲ သေချာပြောပြ စစ်ရာဇဝတ်မှုမှန်သမျှလဲ ဖွင့်ချမည့်သူ တိုင်းမှူးကစ ဒုတိုင်းမှူး စစ်ဦးစီးမှူး တပ်မမှူး စကစမှူး ဒကစမှူး ဗျူဟာမှူး တပ်ရင်းမှူး အမှူးများထူ အဆူဆူကို လည်းကောင်း၊ တိုက်ပွဲတပွဲ ကျဆဲမသာ ရာထောင်မက တပ်မမှူးအစ သေဆုံးရသည့် ဇီဝိတဒါနကို လည်းကောင်း၊ ရမခနဲ့ နပခပြင် ကျလုနီးနီး မပခဌာနချုပ်ကြီးအား လည်းကောင်း၊ သဒ္ဓါဖွေးဖြူ ပြေးလှူပါရ စပယ့်ထက်စပယ်ကုသလ ရှယ့်ထက်ရှယ်ပုညကြောင့် ဘယ်ချေးတွင်းရောက်ရောက် လောက်ဝဲစားရဲ့ သားဖြစ်ပါစေ။ 

ဘယ်ရောက်တဲ့ခွေးခွေး  လောက်ကိုက်ခွေးအမျိုးဖြင့် ချေးစ(စား)ပိုးနင့် သေပါစေ။ 

ယခုကစ၍ ကဒါဖီလို တံကျင်လျှိုမခံရမီစပ်ကြား မရပ်မနား ပတ်သွားလျှောက်ဟောင် နှုတ်သီးဖျားက တရားဒုတ်ထိုး စကားပုတ်သိုး ညစ်မျိုးစုံလင် သန်ကောင်အမျှင်အမျှင် အစဉ်လျှံထွက်နေပါစေ။ နားတွင်း နှာခေါင်းတွင်းမှ အမျှင်းမျှင်းဖောက် လောက်ရှည်ကောင်များ တဖွားဖွား လမ်းသလားနေပါစေ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



Source link

Leave a Reply

Your email address will not be published. Required fields are marked *