ဆောင်းရာသီက အရိုးတွေ ထိခိုက်လွယ်တဲ့ ကာလလေး တစ်ခုပါ။ ဆောင်းအအေးဒဏ်ကြောင့် ရေသောက်နည်းတာက အရိုးတွေကို ကျိုးလွယ်အက်လွယ်စေတာအပြင် နာကျင်ကိုက်ခဲတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆောင်းရာသီမှာ အရိုးတွေ နာကျင်ထိခိုက်မှု ကင်းစေဖို့အတွက် အရိုးတွေ ကျန်းမာအောင် ဘယ်လို ထိန်းသိမ်းလို့ ရမလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ဆောင်းရာသီမှာ အရိုးတွေ နာကျင်ထိခိုက်မှု ကင်းစေဖို့ရာ ဆောင်းရာသီမှာ အရိုးတွေ နာကျင်ထိခိုက်မှု ကင်းစေဖို့ဆိုရင်တော့ – လေ့ကျင့်ခန်း ပုံမှန်လေး လုပ်ပေးပါ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်တာက အရိုးတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသက်အရွယ်ရလာလေလေ အရိုးရဲ့ သတ္တုဓာတ်တွေက ကျဆင်းလာလေလေပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက အရိုးသိပ်သည်းဆကို ကောင်းစေသလို အရိုးတွေ သန်မာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အဆစ်တွေ လှုပ်ရှားရကောင်းမွန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ […]