သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးဒေသတွင် လောင်းကစားဝိုင်းများ စတင် ပြုလုပ်ပြီး ခိုးဆိုး၊ လုယက်မှုများ ပိုများလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းရသည်။ ဒီဇင်ဘာလ ၈ ရက် ညတွင် စတင်၍ နားကောင်းမူးဒေသ ရပ်ကွက်(၁) ဘုန်းကြီးကျောင်းအနီးတွင် လောင်းကစားပွဲကို ၁၂ ရက်ကြာအထိ ပြုလုပ်မည် သိရသည်။ ထိုလောင်းကစားဝိုင်စတင်ဖွင့်လှစ်ပြီးနောက် ဒေသခံများက ခိုးဆိုးလုယက်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လောင်းကစားပွဲလုပ်နေကြတယ်။ ရပ်ကွက် (၁)ဘုန်းကြီးကျောင်းအနီးမှာ ၁၂ ရက်လောက်ထိ ကြာမယ်ပြောတယ်။ မူးယစ်ဆေးဝါးတွေ အရမ်းသုံးစွဲကြလို့ သူခိုးတွေ တော်တော်များလာတယ်။အခု လောင်းကစားပါဖွင့်တော့ ခိုးမှုတွေလုယက်မှုတွေက ပိုဆိုးလာမှာပဲ ကြောက်နေရတယ်” ဟု ၎င်းကဆိုသည်။ သျှမ်းပြည် တစ်ဝန်းတွင် လောင်ကစားပွဲဝိုင်းကို နှစ်စဉ်နှင့်အမျှ ထပ်မံတိုးချဲ ဖွင့်လှစ်လာခြင်းကြောင့် […]