ylliX - Online Advertising Network

တပ်မတော်က အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့နေသလို တပ်သားစုဆောင်းမှုလည်း ဆက်လုပ်နေကြောင်းနှင့် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

  တပ်မတော်က အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့နေသလို တပ်သားစုဆောင်းမှုလည်း ဆက်လုပ်နေကြောင်းနှင့် စစ်မှုထမ်းမည့် လူငယ်များအတွက် တစ်အိမ်ထောင်လျှင် တစ်လငွေကျပ် ၅၀၀၀ နှုန်း စတင်ကောက်ခံဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မတ် ၁၆ တပ်မတော်က အတင်းအဓမ္မစုဆောင်းသင်တန်းပေးထားသည့် အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့ စစ်တိုက်ခိုင်းတာကြောင့် တိုက်ပွဲအတွင်း သေဆုံးသွားသည့် အစ္စလာမ်ဘာသာဝင်များ ရှိနေသလို တပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းမှုတွေလည်း ဆက်လုပ်နေသည်ဟု ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ကောလာဟလ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ စစ်တွေမြို့နယ်ရှိ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ တပ်မတော်အနေဖြင့် အစ္စလာမ်ဘာသာဝင်များကို အတင်းအကြပ် စစ်သားစုဆောင်းမှုများ ပြုလုပ်သည်ဆိုသည့်သတင်းမှာ ကောလာဟလ သတင်းအမှားသာဖြစ်ကြောင်း သိရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာများသည်  ရခိုင်ပြည်နယ်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်၍ မဟုတ်မမှန် […]

တနင်္သာရီတိုင်းဒေသကြီးမှ လူငယ်များအတွက် အသိပညာဖွံ့ဖြိုးတိုးတက်စေရန် ဟောပြောပွဲအတွေ့အကြုံ | Ministry Of Information

ဒေါက်တာသန့်စင်(ရူပဗေဒ) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်မှုဖြင့် လူငယ်များအတွက် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ဝိုင်းများ၊ စာပေဆွေးနွေးပွဲများပြုလုပ်ပေးခြင်း၊ စာကြည့်တိုက်များဖွင့်လှစ်ပေးခြင်း၊ ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ အားကစားနှင့် မြန်မာ့ရိုးရာအနုပညာပွဲများ ပြုလုပ်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၏ ပါဝင်ကူညီဆောင်ရွက်ပေးမှုဖြင့် ထားဝယ်တက္ကသိုလ်နှင့် မြိတ်တက္ကသိုလ်တို့တွင်ကျင်းပသည့် ကျောင်းသား ကျောင်းသူများနှင့် လူငယ်များအတွက် “လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ” ကို စာရေးသူပါဝင်တက်ရောက် ကူညီခွင့်ရရှိခဲ့ပါသည်။ ဟောပြောပွဲများကျင်းပ စာရေးသူတို့အဖွဲ့တွင် လူငယ်များအတွက် အသိပညာပေးစာအုပ်များရေးသားသူ ဆရာကောင်းသန့်၊ စီးပွားရေးပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင် ဆရာဇင်ဖြိုးပိုင်၊ မန္တလေးမီဒီယာမှ CEO ဦးကျော်ဇေယျ (ခ) ကိုဂျစ်တို့ပါဝင်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌လည်းကောင်း၊ […]