ရန်ကုန်၊ ဇန်နဝါရီ ၉ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရပ်ကွက် အတွင်းမှ လူငယ် အားလုံး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလမှ စတင်ပြီး ပြင်ဦးလွင်မြို့တွင် အကြမ်းဖက် စစ်တပ်ခန့် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်အေးနှင့် သားဖြစ်သူ ပျူစောထီး ဇော်လတ်က ဦးဆောင်ပြီး ရပ်ကွက်အတွင်းမှ လူငယ်များ စစ်မှုထမ်း ကင်းလွတ်ရန် ငွေပေး၍ မရတော့ကြောင်း ပြောဆိုပြီး လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးလာ၍ ရပ်ကွက်အတွင်းမှ လူငယ်များ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ ထို့ပြင် အုပ်ချုပ်ရေးမှူး မောင်အေးနှင့် သားဖြစ်သူ […]