ylliX - Online Advertising Network

နွားထိုးကြီးကို လေတပ်က ၄ ရက်ဆက် တိုက်ခိုက်၊ အရပ်သား ၈ ဦး သေဆုံး

‌နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို လေတပ်က ၄ ရက်ဆက် ဗုံးကြဲရာ ကလေးများအပါအဝင် ဒေသခံ ၈ ဦး သေဆုံးကြောင်း ဒေသခံများ၊  တော်လှန်ရေးအဖွဲ့များနှင့် ပြောကြသည်။ ယနေ့ (ဒီဇင်ဘာ ၅) နံနက် ၅ နာရီခွဲဝန်းကျင်တွင် မြို့တောင်ဘက် ၅ မိုင်ကျော်အကွာ နွားထိုးကြီး- မလှိုင် ကားလမ်းဘေးကပ်လျက်ရှိ အောင်ပန်းကုန်းကျေးရွာကို ဗုံးကြဲခဲ့ရာ  မိသားစုဝင် ၃ ဦး သေဆုံးသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။  သေဆုံးသူတို့မှာ ဦးကျော်သူမိုး၊ ဒေါ်ခင်အေးကျင်နှင့် သားဖြစ်သူ မောင်အောင်ပြည့်လျှံ (၉ နှစ်) တို့ ဖြစ်သည်ဟု အနီးရှိ ကျေးရွာတစ်ရွာမှ အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားက ဆိုသည်။   “မနက်ခင်း ထမင်းချက်နေတဲ့အချိန် လေယာဉ် […]

နောင်ချိုတွင် လေတပ်က ဗုံးကြဲ၍ ဒေသခံ ၃ ဦး သေဆုံး၊ သံဃာများအပါအဝင် ၆ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ၊ ဆမ္မဆယ်ကျေးရွာနှင့် အနီးရှိ သကြားစက်ရုံတို့ကို နိုဝင်ဘာ ၁ ရက်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ မီးနေသည်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရှိရသည်။ ယင်းနေ့ နံနက်အစောပိုင်းက နောင်ချိုမြို့တောင်ဘက် ၁၄ မိုင်ခန့်အကွာ မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ ဆမ္မဆယ်ကျေးရွာနှင့် အနီးဝန်းကျင်ကို လေကြောင်းမှ ၃ ကြိမ်လာရောက်၍ ဗုံး ၆ လုံး ကြဲချခဲ့သည်ဟု တအာင်းတပ် (TNLA) ၏ ထုတ်ပြန်ချက်အရ သိရသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးမီးဖွားပြီး သုံးရက်သာရှိသေးသည့် ကလေးမိခင်(မီးနေသည်) တစ်ဦး၊ အသက် ၇၀ အရွယ်အဖိုးအိုနှင့် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့သေဆုံးခဲ့ပြီး သံဃာ ၂ […]

၁၀၂၇ နှစ်ပတ်လည်နေ့တွင် လေတပ်က MNDAA, TNLA နယ်မြေတို့ကို ပစ်မှတ်ထား – Myanmar Now

ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနီးပါးကို ညီနောင်သုံးဖွဲ့ ဦးဆောင်သိမ်းပိုက်နိုင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်သည့် ယမန်နေ့ (အောက်တိုဘာ ၂၇ ) တွင် စစ်ကောင်စီလေတပ်က ကိုးကန့်နှင့် တအာင်းတပ် အခြေစိုက်ရာ နယ်မြေများကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံတစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာ ရခဲ့သည်။ ပစ်မှတ်ထားခံရသည့် မြို့များမှာ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သည့် လောက်ကိုင်နှင့် သိန္နီမြို့၊  တအာင်းတပ် (TNLA) ထိန်းချုပ်သည့် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့နှင့် နောင်ချိုမြို့တို့ဖြစ်သည်။ အောက်တိုဘာ ၂၇ သို့ ကူးပြောင်းသည့် ညသန်းခေါင် ၁၂ နာရီ ၂၀ မိနစ်ခန့် တွင် လေယာဉ်တစ်စီးက  လောက်ကိုင်မြို့ကို သုံးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့ပေါ်ရှိ Henry Hotel […]