ylliX - Online Advertising Network

အရှေ့နေဝန်းနီကျဆုံးခြင်းမှ ၂၀၂၅ လူထုအောင်မြင်ရေးနှစ်သစ်ဆီသို့ – သျှမ်းသံတော်ဆင့်

၂၀၂၃ နှစ်နှောင်းပိုင်းမှ ၂၀၂၄ နှစ်ကုန်အထိ မြောက်ပိုင်းမဟာမိတ် သုံးဖေါ် ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း ဒုတိယလှိုင်းမှာ စစ်ကောင်စီအတွက်တော့ နှစ် ၇၀ အတွင်း သမိုင်းမော်ကွန်းတင်လောက်အောင် အရှုံးကြီး ဆုံးရှုံးခဲ့တယ်။ နေဝန်းနီက သျှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမှာ အခြေစိုက်တဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ်မှာ ကွန်မြူနစ်ပါတီ လှုပ်ရှားမှုကို ထိန်းချုပ် ချေမှုန်းနိုင်ဖို့ တောင်ကြီး အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ခွဲထွက်ပြီး လားရှိုးမြို့မှာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရမခ အဖြစ် ဖွဲ့စည်းထူထောင်လာခဲ့တာပါ။ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တိုက်ခိုက်ရေးတပ်ရင်း ခြေလျင်တပ်ရင်း ခြေမြန် တပ်ရင်းပေါင်း ၄၇ ခု ရှိပါတယ်။ အမြောက်တပ် သံချပ်ကာတပ် တင့်ကားတပ် […]