၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ လူမှုကွန်ရက်ပေါ်တွင် တွေ့မြင်ရတဲ့ မြေပြင်ဖြစ်စဉ်မရှိဘဲ လုပ်ကြံဖန်တီးရေးထားတဲ့ သတင်းအတုများပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က ကပစ (၂၁) ကို ရှော့တိုက်ဒုံးနဲ့ ပစ်လို့ တပ်မတော်အရာရှိအပါအဝင် ၉ ဦးသေဆုံး (မြေပြင်တွင် ဘာရှော့တိုက်ဒုံးမှ ကျရောက်ပေါက်ကွဲခဲ့ခြင်းမရှိသလို လုံခြုံရေးတပ်ဖွဲ့ဝင်သေဆုံးခဲ့ခြင်းလည်းမရှိ) ဇန်နဝါရီလ ၁၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့တွင် ကင်းစောင့်ထွက်လာတဲ့ တက်စစ်ေကြာင်းကို တိုက်ခိုက်ရာ ၄ ဦးသေဆုံး (မြေပြင်တွင် ဖြစ်စဉ်မရှိပါ) ဇန်နဝါရီလ ၁၆ ရက်နေ့ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကံကျင်းရစခန်းတွင် စစ်သည်အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေဆုံး (မြေပြင်တွင် ဖြစ်စဉ်မရှိပါ) ဇန်နဝါရီလ ၁၆ ရက်နေ့ အရာတော်မြို့နယ်၊ […]