အာဏာသိမ်းစစ်ကောင်စီ အုပ်ချုပ်မှု ၄ နှစ်အတွင်း တားမြစ်ပိတ်ပင်မှု အများအပြား ပေါ်ပေါက်ခဲ့ရာ ယခုနောက်ဆုံးဖြစ်ရပ်တစ်ခုမှာ မန္တလေးမြို့၊ မဟာအောင်မြို့နယ်မှ အစားအသောက်ရောင်းသောဆိုင် ပိတ်ပင်ခံရမှု ဖြစ်သည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သော မုဆိုးမတို့ရွာ အမည်ရ မုန့်ဟင်းခါးဆိုင်သည် နောက်တစ်နေ့တွင် အပိတ်ခံလိုက်ရသည်ဟု သိရသည်။ အုပ်ချုပ်ရေးနှင့် စည်ပင် သာယာရေးဌာန ဝန်ထမ်းတချို့ ရောက်လာပြီး ပိတ်သိမ်းခိုင်းခဲ့သည့်ဟု ဒေသခံများထံက စုံစမ်းသိရှိရသည်။ “လာစစ်ဆေးတဲ့အချိန်မှာ လုပ်ငန်းလိုင်စင်မရှိဘဲ ဖွင့်ထား တာကြောင့် လိုင်စင်လျှောက်ထားရမယ်ဆိုပြီး ဆက်ဖွင့်ခွင့်မပေးတာ” ဟု မန္တလေးမြို့ခံ အမျိုးသား တစ်ဦးက Myanmar Now သို့ ပြောသည်။ မဟာမြိုင်ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံတစ်ဦးကလည်း ဆိုင်ပိတ်ထားသည်ကို တွေ့ရကြောင်း အတည်ပြုသည်။ “ဆိုင်ကို ဖျက်လိုက်တယ်ဆိုတာမျိုးတော့ မကြားမိဘူး။ […]
နေပြည်တော် နိုဝင်ဘာ ၁၈ စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲသောခရီးသွားလုပ်ငန်းကော်မရှင်က ဦးဆောင်ကျင်းပသည့် ကမ္ဘာလုံး ဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲသောခရီးသွားလုပ်ငန်းကွန်ဖရင့်နှင့်ဆက်စပ်၍ စင်ကာပူနိုင်ငံခရီးသွား လုပ်ငန်းဘုတ်အဖွဲ့က အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံ အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။ နိုဝင်ဘာ ၁၃ ရက်တွင် စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ရုံး၌ ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏အဓိက ခရီးသွားစျေးကွက်နိုင်ငံများနှင့် အနာဂတ်မျှော်မှန်းချက်၊ အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ မဟာဗျူဟာ ၂၀၃၀ ရေးဆွဲရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအလားအလာများအရ အနာဂတ်အာဆီယံ ဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းလျာထား […]
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ (၁၄)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အားပေး နေပြည်တော် အောက်တိုဘာ ၂၅ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ (၁၄)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့တွင် နေပြည်တော် ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပရာဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအမှူးများ တက်ရောက်အားပေးကြသည်။ စုပေါင်းသွေးလှူဒါန်းပွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်စေတနာ သွေးလှူရှင်စုစုပေါင်း ၃၅ ဦးတို့က လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအမှူးများက လိုက်လံကြည့်ရှုအားပေးကာ စားသောက် ဖွယ်ရာများနှင့် ဆေးဝါးများကို ပေးအပ်ကြသည်။ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန […]
နေပြည်တော် ဇူလိုင် ၃ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်တောင်ရေး ပထမအကြိမ် ဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်းသည့် တိုးတက်မှု အခြေအနေများနှင့် အသစ်ထပ်မံ တင်ပြ ဆွေးနွေးလိုသည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြနိုင်ရန် ယခုကဲ့သို့ အစည်းအဝေးကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၇၀ ကျော်ခန့်သည် ကိုယ်ပိုင်ဂြိုဟ်တုများ အသုံးပြု၍ ၎င်းတို့နိုင်ငံ၏ ကဏ္ဍစုံ နယ်ပယ်များ ပိုမို ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက် ရှိနေကြပါကြောင်း၊ နိုင်ငံပိုင် […]