ylliX - Online Advertising Network

မန္တလေးတိုင်းမှ ရေဘေးသင့်အာမခံအလုပ်သ မား(၁၁၉၇)ဦးအတွက် လူမှုဖူလုံရေးကူညီမှုအ ကျိုးခံစားခွင့်ငွေကျပ်(၉၇သန်းကျော် လွှဲပြောင်းပေး

မန္တလေးတိုင်းမှ ရေဘေးသင့်အာမခံအလုပ်သ မား(၁၁၉၇)ဦးအတွက် လူမှုဖူလုံရေးကူညီမှုအ ကျိုးခံစားခွင့်ငွေကျပ်(၉၇သန်းကျော်ကို ဇန်နဝါ ရီ ၁၀ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လူမှုဖူလုံရေးကူညီမှုအကျိုးခံစားခွင့်၏ (၄၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်(၉၇ ဒသမ ၁၁၄)သန်းအား အလုပ်သမားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးမြင့်နောင်မှ မန္တလေးမြို့တော်ခန်းမ၌ မန္တလေးတိုင်းဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်းတွင် အလုပ်ဌာန(၇၃၀၇)ဌာန၊ အာ မခံအလုပ်သမား(၁၂၄၁၆၄)ဦးမှတ်ပုံတင်ထားသည့်အနက် အလုပ်ဌာန(၉၅)ဌာနမှ ရေဘေးသင့် အာမခံအလုပ်သမား(၁၁၉၇)ဦးရှိကြောင်း သိရသည်။ ယင်း အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မန္တလေးအလုပ်သမားဆေးရုံကြီး၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၁၃) ခန်း၊ ဌာနကြီးဆေးခန်း(၉)ခန်း၊ စာချုပ်ဆေးခန်း (၇)ခန်းဖွင့်လှစ်၍ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာ လအထိ အာမခံအလုပ်သမားလူနာပေါင်း (၉၀၂၈၂)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အောင်မြေသာစံမြို့နယ်ရှိ […]