တောင်သာ၊ ဒီဇင်ဘာ ၃၁ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဆင်ဖြူကျေးရွာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးဝင်းကိုကိုဦး ဦးစီး အင်အား ၁၀ဦးခန့် အခြေပြုကာ လုံခြုံရေးဆောင်ရွက်နေသည့် နေရာသို့ ၃၀-၁၂-၂၀၂၄ ရက်နေ့ ၀၆:၁၅ PDF အင်အား ၃၀ဦးခန့်က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၀၆:၄၅ အချိန်တွင် အရှေ့တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နေရာသို့ ကျောဇီရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းရာ PDF အကြမ်းဖက်သမားများက ပြည်သူ့ စစ်အဖွဲ့အတွက် ထုတ်ပေးထားသည့် M-22 ၁လက်၊ ပြောင်းချော ၂လက်တို့ ယူဆောင်သွားကာ ကျေးရွာအတွင်းရှိ ထန်းလက်တဲ ၃လုံး၊ လူမှုကူညီရေးအသင်းပိုင် ကား ၁စီးတို့အား မီးရှိူ့ ဖျက်ဆီးသွားကြောင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။ […]
ညောင်ဦး၊ နိုဝင်ဘာ ၂၅ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ အခြေပြုကာ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေရဲစခန်းအား ၂၅-၁၁-၂၀၂၄ ရက်နေ့ ၀၆:၂၀ အချိန်ခန့်တွင် PDF အကြမ်းဖက်သမား အင်အား ၂၀ခန့်က နယ်မြေရဲစခန်း၏ အရှေ့တောင်ဘက်၊ တောပြားကျေးရွာဘက်မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ နယ်မြေရဲစခန်းအတွင်းမှ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ ၀၆:၃၅ အချိန်ခန့်တွင် အကြမ်းဖက် PDF များ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် အကြမ်းဖက် PDF များက ငါ့သရောက်မြို့နယ်ခွဲရှိ စည်ပင်ရုံး၊ ပြန်/ဆက်ရုံး၊ လျပ်စစ်ရုံးတို့အား မီးရှို့ဖျက်ဆီးသွားခဲ့ရာ စည်ပင်ရုံးတွင် ၂၀×၃၀ပေ၊ သွပ်မိုး၊ အုတ်ညှပ်အဆောက်အဦး ၁လုံးနှင့် […]
Update News- မိထ္တီလာ၊ ရှမ်းတဲလေတပ် တိုက်ခိုက်ခံရမှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုအချို့ရှိပြီး စစ်ကောင်စီကမူ ဒရုန်းများဖြင့် လာရောက်တိုက်ခိုက်၍ ဒရုန်းလွှတ်သောနေရာများကို လိုက်လံရှာဖွေနေဟု သတင်းထုတ်ပြန် ရန်ကုန်၊ နိုဝင်ဘာ ၁၁ မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းကို ယနေ့ နံနက်ပိုင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ရာတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုအချို့ရှိကြောင်း မိတ္တီလာအခြေစိုက် သတင်းရင်းမြစ်တချို့က ပြောဆိုသည်။ ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန် ရှမ်းတဲလေတပ်စခန်း အပါအဝင် တပ်နေရာများကို ဒုံး၊ ဗုံးများဖြင့် ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း၊ နောက် ဆက်တွဲ သတင်းများအရ ရှမ်းတဲလေတပ်စခန်းအတွင်း ပေါက်ကွဲမှုကြောင့် အရာရှိနှင့်စစ်သည်တချို့ သေဆုံးဒဏ်ရာရရှိမှုတချို့ ဖြစ်ပေါ်ခဲ့သည်ဟု သိရှိရကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။ “ရှမ်းတဲလေတပ်မှာ အရာရှိ ၁ […]