တောင်သာ၊ ဒီဇင်ဘာ ၃၁
အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဆင်ဖြူကျေးရွာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးဝင်းကိုကိုဦး ဦးစီး အင်အား ၁၀ဦးခန့် အခြေပြုကာ လုံခြုံရေးဆောင်ရွက်နေသည့် နေရာသို့ ၃၀-၁၂-၂၀၂၄ ရက်နေ့ ၀၆:၁၅ PDF အင်အား ၃၀ဦးခန့်က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၀၆:၄၅ အချိန်တွင် အရှေ့တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နေရာသို့ ကျောဇီရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းရာ PDF အကြမ်းဖက်သမားများက ပြည်သူ့ စစ်အဖွဲ့အတွက် ထုတ်ပေးထားသည့် M-22 ၁လက်၊ ပြောင်းချော ၂လက်တို့ ယူဆောင်သွားကာ ကျေးရွာအတွင်းရှိ ထန်းလက်တဲ ၃လုံး၊ လူမှုကူညီရေးအသင်းပိုင် ကား ၁စီးတို့အား မီးရှိူ့ ဖျက်ဆီးသွားကြောင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။
Join – https://t.me/MyanmarNationalPost