ylliX - Online Advertising Network

ကပ္ပိ – လေအား လျှပ်စစ် – MoeMaKa Media

Art by STD လေအား လျှပ်စစ် ကပ္ပိ (မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၅ လက်ရှိကာလ ဂြိုလ်တုဓာတ်ပုံများအရ ကမ္ဘာ‌မြေကို‌ကြည့်လေသောအခါ ကွက်၍ မှောင်မည်းနေသည့်နေရာတစ်ခုကို တွေ့ကြရပါ၏။ ထို‌နေရာသည်ကား အခြားမဟုတ်၊ ဇမ္ဗ ူဒီပါ လက်ျာ တောင်ကျွန်း နိမိတ်ထွန်းခဲ့သည့် အာရှတိုက် အ‌ရှေ့တောင်အရပ်မှ အလွန်တစ်ရာ ကြွယ်ဝခဲ့သည့် နိုင်ငံတစ်ခုပင်တည်း။ အစစအရာရာ အဆင်‌ပြေချောမွေ့‌နေပြီး နိုင်ငံသားတို့ပျော်ရွှင်နေချိန်မှာ မာရ်နတ်မင်း၏ သား‌ တော်၊ အဇာတသတ်၏ညီ၊ အာဠာဝက၏တူဖြစ်သူ ပုပြတ်ပြတ်စုတ်ချာချာ လူစဉ်မမီ ဝမ်းတွင်း ရူးတစ်ယောက် ခွေးတိုးပေါက်မှ ဝင်လာကာ ပလ္လင်ပေါ်တက်ချိန်မှစ၍ ထိုတိုင်းပြည်ကြီး စုတ်ချာကာ မှောင်အတိ ကျသွားခြင်း‌ပေတည်း။ ပလ္လင်ပေါ်ရောက်သည်နှင့်တပြိုင်နက် စိတ်ထဲထင်ရာမြင်ရာတွေကို အာဘရိတ်ပေါက်ကာ ‌ပြောဆိုခဲ့သည်မှာ များလှပါဘိတောင်း။ လျှပ်စစ်ရထားတွေ လုပ်ပေးမည်၊ ‌လျှပ်စစ်ကားတွေ […]

မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း (၄)နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းကင်းလှည့်ရေးဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂ဝ၂၄) ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၇ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့က အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း (၄)နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းကင်းလှည့်ရေး ဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ရှိ Wyndham Grand Hotel အင်းယား၊ အင်းလေးခန်းမ၌ ကျင်းပပြုလုပ်သည်။ မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း (၄)နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းကင်းလှည့်ရေး ဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ ရေကြောင်းရဲ တပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့မှ အဆင့်မြင့် ကိုယ်စားလှယ်အရာရှိများ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် ရေကြောင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် နေမိုးသက်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကာ […]

နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရသည့် အရက်အဆိပ်သင့်မှုအတွက် တရားမျှတမှုဖော်ဆောင်မည်ဟု လာအို ကတိပြု

မီသနောအဆိပ်သင့် အရက်သောက်သုံးမိမှုကြောင့် နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရခြင်းအတွက် အလွန်တရာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် ယင်းကိစ္စတွင် တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဟု လာအိုအစိုးရက ကတိပြုခဲ့သည်။ နာမည်ကျော် ခရီးသွားမြို့ Vang Vieng သို့ သွားရောက်လည်ပတ်ခဲ့ကာ အဆိပ်သင့်အရက်များ သောက်သုံးမိခဲ့သောကြောင့် ဒိန်းမတ်နှစ်ဦး၊ သြစတြေးလျနှစ်ဦး၊ ဗြိတိန်တစ်ဦးနှင့် အမေရိကန်တစ်ဦးတို့ သေဆုံးခဲ့သည်။ “ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့နဲ့ ပါဝင်ပတ်သက်သူတွေကို ဥပဒေနဲ့အညီ တရားမျှတမှုဖော်ဆောင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု အစိုးရက ပြောဆိုခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရ၏ ပထမဆုံး လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှုအဖြစ် နိုဝင်ဘာ ၂၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်ပေါ်၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။ သေဆုံးရသူများ၏ မိသားစုများအတွက် စာနာမိပါကြောင်းနှင့် အလွန်ဝမ်းနည်းရပါကြောင်းလည်း ဖော်ပြခဲ့သည်။ အဆိပ်သင့် ယမကာများ သောက်သုံးမိမှုကြောင့် နိုင်ငံခြားသားများ သေဆုံးခဲ့ရပြီးနောက် အာဏာပိုင်များသည် […]