(မိုးမခ) ဇန်နဝါရီ ၁ ၊ ၂၀၂၅ (၁) ၁၉၂၄ ခုနှစ် နွေရာသီ၏ ရက်တစ်ရက်တွင် မနုဿဗေဒ ပညာရှင် ရေမွန်ဒတ် (Raymond Dart) သည် တောင်အာဖရိကနိုင်ငံတွင် မကြုံစဖူး ထူးကဲသောတွေ့ရှိမှုတရပ်ကို တွေ့ရှိခဲ့ပါသည်။ ထိုတွေ့ရှိမှုမှ လူတို့၏ အပြုအမူနှင့်ပတ်သက်၍ ကောက်ချက်တခုကို ချခဲ့ရာ ၎င်းသည် နှစ်တစ်ရာတိုင်တိုင် လူတို့ကို လမ်းလွဲသို့လိုက်စေခဲ့ပါသည်။ ရေမွန်ဒတ်သည် တောင်မြို့အနီးမှ မိုင်းတွင်းတစ်ခုတွင် အရိုးစုတစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်။ ထိုလူ အရိုးစုကို တောင်ချိုင်း (Taung Child) ဟု အမည်ပေးခဲ့ပြီး ၎င်းခေါင်းခွံရိုးမှာ နှစ်သန်းပေါင်း ၂ ဒသမ ၈ မှ အရိုးတစ်ခု ဖြစ်သည်။ ရှေးလူသားနှင့် မြောက်တို့ကို ဆက်စပ်ပေးသော အရိုးစုအဖြစ် ထင်ရှားခဲ့သည်။ ၎င်း၏သွားများမှာ […]