ylliX - Online Advertising Network

ကိုသန်းလွင် – လူ့သဘာ၀ လူ့အပြုအမူ – MoeMaKa Media



(မိုးမခ) ဇန်နဝါရီ ၁ ၊ ၂၀၂၅

(၁)

၁၉၂၄ ခုနှစ် နွေရာသီ၏ ရက်တစ်ရက်တွင် မနုဿဗေဒ ပညာရှင် ရေမွန်ဒတ် (Raymond Dart) သည် တောင်အာဖရိကနိုင်ငံတွင် မကြုံစဖူး ထူးကဲသောတွေ့ရှိမှုတရပ်ကို တွေ့ရှိခဲ့ပါသည်။ ထိုတွေ့ရှိမှုမှ လူတို့၏ အပြုအမူနှင့်ပတ်သက်၍ ကောက်ချက်တခုကို ချခဲ့ရာ ၎င်းသည် နှစ်တစ်ရာတိုင်တိုင် လူတို့ကို လမ်းလွဲသို့လိုက်စေခဲ့ပါသည်။

ရေမွန်ဒတ်သည် တောင်မြို့အနီးမှ မိုင်းတွင်းတစ်ခုတွင် အရိုးစုတစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်။ ထိုလူ အရိုးစုကို တောင်ချိုင်း (Taung Child) ဟု အမည်ပေးခဲ့ပြီး ၎င်းခေါင်းခွံရိုးမှာ နှစ်သန်းပေါင်း ၂ ဒသမ ၈ မှ အရိုးတစ်ခု ဖြစ်သည်။ ရှေးလူသားနှင့် မြောက်တို့ကို ဆက်စပ်ပေးသော အရိုးစုအဖြစ် ထင်ရှားခဲ့သည်။ ၎င်း၏သွားများမှာ လူနှင့် ပိုပိုနီးစပ်ပြီး သူ့ကို မြောက်နှင့် ကူးပြောင်းပေးသော လူသားအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ ငယ်ရွယ်သူ၏ ဦးခေါင်းခွံမှာ Australopithecus Africanus မျိုးနွယ်စုမှု ဖြစ်ပြီး ထိုအချိန်က မနုဿဗေဒနယ်ပယ်တွင် ဟိုးလေးတကျော် ဖြစ်ခဲ့ပါသည်။

(၂)

ထိုခေါင်းခွံကြောင့် အာဖရိကတိုက်သည် ရှေးလူတို့၏ မွေးဖွားရာ အခြေခံနယ်ဖြစ်ကြောင်း သိလာခဲ့ကြပါ သည်။ သူက လူ့အပြုအမူနှင့်ပတ်သက်၍ မနှစ်သက်ဖွယ်ရာ တခုကို ဖော်ထုတ်ခဲ့ပြီး လူလုပ်သော လက်နက်ပစ္စည်း တစ်ခုခုကြောင့် နက်ရှိုင်းသော အကြောင်းများကို ဦးခေါင်းခွံတွင် တွေ့ရှိခဲ့ရပါသည်။ ထိုမှတဆင့် သိရှိလာရသည်မှာ သူသည် လူ့မျိုးနွယ်စုအတွင်းမှ လူတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ၁၉၅၀ ပြည့်နှစ်များတွင် ဒတ် က“လူသတ်သမားမြောက်ဝံ” Killer Ape Hypothesis ခေါ် အတွေးအခေါ်တစ်ခုကို ထုတ်ဖော်ခဲ့ပြန်ပါသည်။ လူတို့သည် အချင်းချင်း သတ်ဖြတ်စားသောက်သည့် စဦးလူများမှ ဆင်းသက်ခဲ့ရပါသည်။ သူ ပြောသည်မှာ Africanus လူသားသည် အပြောင်းအလဲကာလ လူများ၊ လူသားမုဆိုး (Padatory transition) များဖြစ်ပြီး အသီး အရွက်များကို စားကြရာမှ အသားစားသို့ ပြောင်းလဲကြသည်။ ဒတ် ၏ အယူအဆမှာ သဘာဝကျသည့် အယူအဆအဖြစ် လက်ခံခဲ့ကြပြီး လူများသည် သနားကြင်နာမှုကင်းစွာဖြင့် အချင်းချင်း သတ်ဖြတ်စားခဲ့ကြကြောင်း အဖြေထွက်ခဲ့သည်။ သုတေသနလုပ်သူများကလည်း ဒတ်၏ အဆိုကို ထောက်ခံသော အချက်အလက်များကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။ လူသားသည် ရက်ရက်စက်စက် အမဲလိုက် စားသောက်သူများဖြစ်လာခဲ့သည်။ လူတို့ သည် ခရီးအဝေးကြီး ပြေးနိုင်ကြပြီး သားကောင်ကို မောပန်းစေတတ်ကြသည်။ အရာဝတ္ထုများကို လိုရာပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်ကြပြီး သားကောင်ကို လှံတို့ဖြင့် အသေသတ်တတ်ကြသည်။ ဤသို့ဖြင့် လူသတ်သမား မျောက်ဝံအဖြစ်ကို သရုပ်ဖော်ခဲ့ကြပါသည်။

ဤသို့ဖြင့် လူသားသည် အမဲလိုက်သူအဖြစ် မွေးဖွားလာကြသည်ဟူသော အယူအဆမှာ သိပ္ပံ၏ တွေ့ရှိချက် တစ်ခုသာ မဟုတ်ပါ။ ယဉ်ကျေးမှုနယ်ပယ်တွင်လည်း ဤတိုးတက်မှုမှာ သိသာပါသည်။ ဝတ္ထုများ၊ ရုပ်ရှင်များတွင် ဤအဆိုအတိုင်း လူလူချင်း သတ်ဖြတ်ခြင်းများကို တွေ့နိုင်ကြပါသည်။ Youtube တွင် အသားအစိမ်း စားခြင်း၊ ဝမ်းတွင်းအင်္ဂါများကို စားခြင်းတို့မှာ ဘဝနေနည်း (life Style) တစ်ခုအနေဖြင့် တွေ့ကြရပါသည်။

ထိုကဲ့သို့ တက်သုတ်ရိုက်ရသော ဘ၀ပတ်ဝန်းကျင်ဝယ် ဘဝရပ်တည်ရေးအတွက် သတ်ဖြတ်ရခြင်းမှာ အဆန်း မဟုတ်တော့ပါ။ လောကတွင် လူတို့၏ အမူအရာမှ ယဉ်ကျေးသော လူ့ဘဝ၏ လက္ခဏာများအဖြစ် ယူဆနိုင်သလို မိမိ၏ ကားကို ရှေ့မှ ကြားဖြတ်ဝင်မောင်းသည်ကို ကြုံရသောအခါ ပထမဆုံး ဖြစ်ရသည့် ခံစားမှုမှာ ရုတ်တရက် ဒေါသထွက်ရခြင်း ဖြစ်သည်။ တဖက်လူသည် ရည်ရွယ်ချက်ရှိရှိ လုပ်သည်ဟုသာ ယူဆလိုက်ပါတော့သည်။ တိုက်ခိုက်လိုသော စိတ်ဓာတ်အခံကြောင့် နိုင်ငံရေးတွင်  ပဋိပက္ခများကို ကြုံကြရပါသည်။ အခြားတစ်ဖက်သည် အမြဲတစေ ရက်စက်သည်၊ စဉ်းစားဆင်ခြင်ဉာဏ်မရှိ၊ အန္တရာယ်ပြုရန်ကိုပဲ တွေးတောနေသည်ဟု ယူဆပါသည်။

၂၀၂၂ ခုနှစ်တွင် စိတ်ပညာရှင် တိုချက်တို (Daniela Goya Tochetto) သည် မိမိနှင့် ပါတီချင်းမတူပါက အကောက်ခွန်ကိစ္စ၊ သေနတ်များကို ထိမ်းချုပ်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကိစ္စများတွင် တဖက်လူက တင်ပြလာသည်များကို မှားယွင်းသည်ဟုသာ ယေဘုယျ ယူဆကြသည်။ တဖက်အုပ်စုသည် အမြဲတစေ မရိုးသားသော အမြင်များဖြင့်သာ အလုပ်လုပ်နေကြသည်။ မိမိဘက်မှ လုပ်ဆောင်ချက်များကိုမှု ရည်ရွယ်ချက်မပါသည့် လုပ်ရပ်များ၊ နောင်တရစရာ မရှိသည့် ကိစ္စများဟူ၍သာ ယူဆသည်။ တဖက်လူ၏ ပေါ်လစီများမှာ အမြဲတစေ လူထုကို အန္တရာယ်ဖြစ်စေသည်ဟု ယူဆသည်။ လုပ်သားများကို ပပျောက်အောင် ဖျက်ဆီးနေခြင်းဟု ယူဆသည်။

“လူတို့တွင် တိုက်ခိုက်လိုသော သဘာဝရှိသည်” ဟူသော အယူအဆသည် ကျယ်ကျယ်ပြန့်ပြန့်ကြီး ဖြစ်ပေါ်လျက်ရှိသည်။ ၎င်းသည် မှားယွင်းသော အယူအဆသာ ဖြစ်ပါသည်။

၁၉၉၀ ပြည့်နှစ်များသို့ ရောက်လာသောအခါ မနုဿဗေဒပညာရှင် လီး ဘာဂါ (Lee Berger) နှင့် အခြား ပညာရှင်များက ဒတ် တွေ့ခဲ့သော တောင်ချိုင်း အပါအဝင် အရိုးစုများကို သုတေသနပြုခဲ့သည်။ ထိုခေါင်းခွံကို တွေ့ရှိခဲ့သော နေရာမှာပင် အခြားသတ္တဝါများ၏ အရိုးစုများကိုတွေ့ရှိခဲ့ကြသည်။ ထိုအထဲတွင် လင်းယုန်ငှက်များ၏ ဥများ၊ အတောင်များနှင့် အရိုးစုများကို တွေ့ခဲ့ရသည်။ ပထမသော် သူက လူသားသည် အဘယ်ကြောင့် လင်းယုန်ငှက်များကို ရှာဖွေစားသောက်ရသနည်းဟု တွေးတောမိခဲ့သည်။ နောက်မှ ဒတ်၏ တွေ့ရှိချက်မှာ လူသားကို သားကောင်အဖြစ် ပြေးလွှားနေရခြင်း မဟုတ်ဘဲ မုဆိုးအဖြစ် အစားအစာများကို ရှာဖွေစားသောက်ခဲ့သူများအဖြစ်ကို တွေ့ရှိခဲ့သည်။ ထိုမှတဆင့် ထိုငှက်၏ လက်ချက်ဖြင့် တောင်ချိုင်းအရိုးစုမှ မျက်စိတွင် ငှက်၏ နှုတ်သီးဖြင့် ထိုးဖောက်ထားသော အရာများကို တွေ့ရှိရပြန်သည်။ ထို့ကြောင့် တောင်ချိုင်းသည် ဒတ် ပြောခဲ့သလို လူသားအချင်းချင်း သတ်ဖြတ်ခြင်းကြောင့်မဟုတ်ဘဲ လင်းယုန်ငှက်၏ ဒဏ်ချက်ဖြင့် သေဆုံးရသည်ဟု အဖြေထွက်လာသည်။ ခေတ်သစ်လင်းယုန်များမှာ ၎င်းတို့၏ ကြီးမားသော နှုတ်သီးဖြင့် ဆိတ်ကဲ့သို့ သတ္တဝါများကို ခြေဖြင့်ကုပ်၍ သယ်ဆောင်နိုင်ပြီး ဘေးလွတ်ရာရောက်မှ နှုတ်သီးဖြင့် စားသောက်နိုင်သည်ကို တွေ့လာခဲ့၏။ လွန်ခဲ့သော ၂ ဒသမ ၈ သန်းကျော်ကာလက လင်းယုန်ငှက်များမှာ ကလေးတယောက်ကို ကုပ်ချီ၍ ပျံသန်းနိုင်ပါလိမ့်မည်။ ထို့ကြောင့် ကုတ်ရာ ခြစ်ရာများဖြင့် သေဆုံးခဲ့ရသောအခါ ရှေးလူများသည် မုဆိုးအဖြစ်ထက် သားကောင်သဖွယ် ပြေးလွှားနေခဲ့ရသည့်အချိန်က များပါလိမ့်မည်။ လူမမည် ကလေးငယ်၏ ကိုယ်ခန္ဓာမှာ သေးငယ်၍ ချည့်နဲ့နေမည်။ ထိုအချိန်က လူများ၏သွားများကို ကြည့်လျှင်လည်း အသီးအရွက်များကို စားသော သွားများဖြစ်၍ သေးငယ်ပါသည်။

ခြေသည်း၊ လက်သည်းများမှာ ရန်သူကို တိုက်ခိုက်ရန်အတွက် အသုံးမဝင်လှပါ။  အဝေးသို့ ပစ္စည်းများကို ပစ်နိုင်ကြသော်လည်း ဝါးချွန် လှံတံများကို သားကောင်ပစ်၍ အမဲလိုက်မရပါ။ ကျွန်တော်တို့သည် ဝေးဝေးပြေးနိုင်ကြသော်လည်း မိမိအသက်အန္တရာယ်အတွက် ပြေးရခြင်းသာ ဖြစ်ပါလိမ့်မည်။ ခြေကုန်လက်ပန်းကျအောင် ပြေးနေသူသည် မုဆိုးအဖြစ် ပြေးလွှားနေခြင်း မဟုတ်နိုင်ပါ။

လူတို့သည် သားကောင်သဖွယ် ပြေးရင်းလွှားရင်း အချိန်ကုန်ရပါသည်။ ကြောက်လန့်နေရခြင်း၊ အမြဲတစေ အကာအကွယ်ယူရခြင်းမှာ လူတို့၏ လက္ခဏာများ ဖြစ်ပါသည်။ ထို့ကြောင့် မနုဿဗေဒပညာရှင်များက ရှေးလူတို့သည် သားကောင်အဖြစ်သာ နေရသည်ဟု ကောက်ချက်ချကြပါသည်။ မိမိကို အသေသတ်မည့် မုဆိုး တို့ရန်မှ အမြဲကင်းဝေးအောင်နေရပါသည်။

ကျားသစ်သည် အမှောင်တွင် မြင်နိုင်သော မိမိ၏ မျက်လုံးစွမ်းရည်ကို အားပြု၍ သားကောင်ကို ဖမ်းရသည်။ မှည့်နေသော အသီးကိုသာ မြင်ရသော လူတို့သည် ညအခါ၌ မျက်စိကို အသုံးမပြုနိုင်ပါ။ အမြဲတစေ ကြောက်ရွံ့နေခြင်းမှာ လူတို့၏လက္ခဏာဖြစ်ပါသည်။ လူသည် အန္တရာယ်ကို ကြိုသိရန် သင်ကြားနေရပြီး အန္တရာယ်ထွက်ပေါ် လာနိုင်သော နေရာများကို အမြဲစောင့်ကြည့်နေနေရပါသည်။

ယခုခေတ်သစ်တွင် မြို့ကြီးများ၌ တိရစ္ဆာန်များ၏ အန္တရာယ်ကို ကြောက်ရွံ့ ရန်မလိုတော့ဘဲ စိတ်ချလက်ချ အိပ်နိုင်ကြပါပြီ၊ သို့သော် ဆိုရှယ်မီဒီယာများ၊ သတင်းကြေညာချက်များကိုမူ အမြဲတစေ ကြောက်ရွံ့နေကြရသည်။ အမှောင်ထဲမှာ တောတောင်များကို ကြောက်ရွံ့ရသည့် အတွေ့အကြုံ Legacy) ကို မှတ်မိနေရပါသည်။

သားကောင်ဖြစ်စေ၊ မုဆိုးဖြစ်စေ၊ လူသားတို့ ကျော်ဖြတ်ခဲ့ကြသည်မှာ ကြီးနိုင်ငယ်ညှဉ်း မတရားသည့် လောကကြီးသာ ဖြစ်ပါသည်။ ဤလောကကြီးတွင် မုဆိုးအမြင်ထက် သားကောင်သဖွယ် မြင်ခြင်းက ပိုမို၍ လုံခြုံ စိတ်ချရကြောင်း သတိထားမိလာကြရသည်။ နိုင်ငံရေးအရ ဆန့်ကျင်ဘက်လူကို ရှုမြင်ရာတွင် ဤသို့ သဘောထားခြင်းက ပိုကောင်းသည်။ နောက်တကြီမ် တဘက်လူကို ဒေါသဖြစ်ရန် ကြုံရတိုင်း ဤသဘောထားကို သတိရသင့်ပါသည်။

(၃)

ရန်သူက သင့်ကို မုဆိုးသဖွယ် သဘောထားနိုင်ပါသည်။ ထိုအခါ သင့်တွင် ဖြစ်ပေါ်နေသော ကြောက်လန့်မှုနှင့် စိုးရိမ်မှုတို့ကို ပြောပြနိုင်ပါသည်။ သင့်ကိုယ်သင် ကာကွယ်ရန် လိုအပ်ကြောင်း သိသွားအောင် ပြုလုပ်ရပါမည်။  သင်သည် “သင် အကြောက်ဆုံးအရာသည် အဘယ်အရာပါနည်း” ဟု မေးမြန်းနိုင်ပါသည်။ “သင့်ကို ဘယ်အရာက ခြောက်လှန့်နေပါသနည်း” ဟု မေးနိုင်ပါသည်။

“ကျွန်တော့်သားကို စွန်ရဲတွေက လာသုတ်မှာကိုပါ။” ဟု သင့်ကို သူက ဖြေကောင်းဖြေမည်။ သင်က မဖြစ်နိုင်ကြောင်း ပြောပါလေ။

ကိုသန်းလွင်

Ref; We misunderstood human nature for 100 years By Kurta Gray N.Y Times 2024 Dec 21.

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *