NLD အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရာကနေ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၁ ရက်အကြာ နိုဝင်ဘာလ ၈ ရက်နေ့က မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါဟာ ကျန်းမာရေး ဆိုးဝါးချိန်ကျမှ စစ်ကောင်စီဘက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖဲွ့ချုပ်က အစိုးရပိုင်းဆိုင်ရာဝန်ကြီးတွေ ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ရာမှာ နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ၆ ဘီလီယံခန့် နစ်နာတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ […]