ylliX - Online Advertising Network

နိုဝင်ဘာလအတွင်း ဂေါ်ရင်ဂျီကျွန်းသို့ ပြည်တွင်း ခရီးသွားဧည့်သည်(၁,၂၀၀)ကျော် ဝင်ရောက်ခဲ့

ဧရာဝတီတိုင်း ဒေသကြီးရှိ ဂေါ်ရင်ဂျီကျွန်းသို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်တွင်း ခရီးသွားဧည့်သည် (၁,၂၀၀) ကျော် ဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ ပြောကြားချက်အရ သိရသည်။ အဆိုပါ ကျွန်းသို့ ရန်ကုန်၊ နေပြည်တော်ရှိ ခရီးသွားများမှ လာရောက်လည်ပတ်ကြသလို အနီးအနားရှိ မြို့နယ်များမှလည်း လာရောက်လည်ပတ်ကြကြောင်း သိရသည်။ ခရီးသွားများ ညအိပ်တည်းခိုနိုင်ရန်အတွက် တည်းခိုခန်း (၆) လုံး၊ ဘန်ဂလို (၅) လုံး၊ ဟိုတယ် (၁) လုံးဖွင့်လှစ်ပေးထားကြောင်း သိရသည်။ ငရုတ်ကောင်းဒေသရှိ ဂေါ်ရန်ဂျီကျွန်း၊ ကြွေချိုင်ကမ်းခြေ၊ နံသာပုကမ်းခြေ၊ စပါးထား ကမ်းခြေသို့ ခရီးသွားများစိတ်ဝင်တစားလည်ပတ်လျက်ရှိကြောင်း သိရသည်။ ဂေါ်ရန်ဂျီဒေသသည် ၂၀၁၅ ခုနှစ် အစပိုင်းမှ စတင်ကာ ပြည်တွင်း ပြည်ပခရီးသွားများ စိတ်ဝင်တစား […]