ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Gaite Lyrique ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ရွှေ့ပြောင်းနေထိုင်သူအုပ်စုတစ်ခု ဝင်ရောက်နေထိုင်လျက်ရှိသည်မှာ တစ်လခန့်ရှိလာပြီ ဖြစ်သည်။ ဥရောပ၏ ကြောက်မက်ဖွယ်အေးစက်လှသော ဆောင်းကာလတွင် ၎င်းတို့မှာ ခိုလှုံရာနေရာမဲ့ ဖြစ်နေသည်။ Gaite Lyrique ကဇာတ်ရုံကြီးတွင် ဒီဇင်ဘာလ ၁၀ ရက်က “ပြင်သစ်တွင် ဒုက္ခသည်များကြိုဆိုရေး ပြန်လည်ဆန်းသစ်ခြင်း” ဟူသောအမည်ဖြင့် အခမဲ့ကွန်ဖရန့်တစ်ခု လက်ခံကျင်းပခဲ့သည်။ ထိုကွန်ဖရန့်သို့ တက်ရောက်ခဲ့သော အာဖရိက ရွှေ့ပြောင်းနေထိုင်သူ ၂၅၀ ဦးမှာ ပွဲပြီးချိန်တွင် ကဇာတ်ရုံထဲမှ ပြန်မထွက်ကြတော့။ ထို့အပြင် အိပ်စရာနေရာမရှိသော နောက်ထပ် ၅၀ ဦး ထပ်မံရောက်ရှိလာခဲ့သည်။ ၎င်းတို့အတွက် ပဲရစ်၏ အအေးဒဏ်မှ ခိုလှုံစရာ နေရာမရှိ ဖြစ်နေသည်။ ထိုသူတို့ ဝင်ရောက်နေထိုင်မှု တစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်ရာ ကဇာတ်ရုံစီမံခန့်ခွဲရေးအဖွဲ့က ဇန်နဝါရီ […]