ဝန်ကြီးဌာန၏ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် အင်္ဂလိပ်စာရေးဖြေစာမေးပွဲ ဖြေဆိုနေမှုအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကြည့်ရှုအားပေး နေပြည်တော် မတ် ၁၆ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်လူဝင်မှုကြီး ကြပ်ရေးမှူးရာထူးအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကို အင်္ဂလိပ်စာရေးဖြေစာမေးပွဲများအား ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ နေရာအသီးသီး၌ တစ်ပြိုင်တည်းကျင်းပခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အနေဖြင့် ဇမ္ဗူသီရိမြို့နယ်အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ အဆိုပါစာမေးပွဲကျင်းပရာသို့ သွားရောက်ကြည့်ရှုအားပေးသည်။ ထို့နောက် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုမှုများနှင့်ပတ်သက်၍ စာမေးပွဲခန်းများအတွင်း လိုက်လံရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက စာမေးပွဲဖြေဆိုသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး အလေးထား ဆောင်ရွက်ပေးရန်မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဝန်ကြီးဌာန၏ လစ်လပ်လျက်ရှိသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူး အတွက် အမျိုးသား […]
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၏ ဝန်ကြီးဌာန ပြေးခုန်ပစ်ပြိုင်ပွဲများနှင့် လမ်းလျှောက်ပြိုင်ပွဲများ ဆက်လက်လက်ကျင်းပသည့်သတင်း Source link
နေပြည်တော် နိုဝင်ဘာ ၂၈ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ယနေ့ ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် သရုပ်ဖော်ကပြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစား အသင်းများ လေ့ကျင့်နေမှုကို သွားရောက်အားပေးသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဖွင့်ပွဲအခမ်းအနား၌ သရုပ်ဖော်ကပြမည့် ဝန်ကြီးဌာနလက်အောက်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ပျဉ်းမနားမြို့၊ မိုးလုံလေလုံ အားကစားရုံ၌ ဝန်ကြီးဌာန အမျိုးသား ပိုက်ကျော်ခြင်းအသင်း လေ့ကျင့်နေမှုကိုလည်းကောင်း၊ နေပြည်တော် အထက(၇) အားကစားကွင်း၌ ဝန်ကြီးဌာန ဘောလုံးအသင်း လေ့ကျင့်နေမှုကိုလည်းကောင်း […]