အဲရစ် မာနူးသည် သူ၏ အသက် ၆၇ နှစ်အရွယ် ဦးလေးဖြစ်သူ ပြီးခဲ့သောနှစ်အတွင်း ကွယ်လွန်သွားပြီး နောက်ပိုင်း မျိုးနွယ်စုအကြီးအကဲ တော်ဝင်ဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။ မာနူးသည် ယခင်က ကနေဒါနိုင်ငံတွင် ပန်းဥယျာဉ်စိုက်ပျိုးရေးလုပ်သားတစ်ဦးအဖြစ် လုပ်ကိုင်ကာ ဇနီး၊ သားငယ်တို့နှင့်အတူ ၃ နှစ်ခန့် နေထိုင်လျက်ရှိရာမှ ဦးလေးကွယ်လွန်ချိန် ၂၀၁၅ ခုနှစ်တွင် ဂါနာနိုင်ငံတောင်ပိုင်းသို့ ပြန်လာခဲ့ကာ မျိုးနွယ်စုဘုရင် အရိုက်အရာကို ဆက်ခံခဲ့ခြင်း ဖြစ်သည်။ မာနူးသည် အဒန်စီ အဘိုအာဘို နံပါတ် ၂ ကျေးရွာတွင်ရှိသော အာကန်မျိုးနွယ်စု၏ ဘုရင်ဖြစ်သည်။ ယခုအခါတွင်မူ မာနူးက ဆင်းရဲမွဲတေလှသော မျိုးနွယ်စုအား စောင့်ရှောက်နိုင်ရန် ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်သို့ ပြန်လာခဲ့ပြီး မူလ အလုပ်ဟောင်းတွင် ဝင်ရောက်လုပ်ကိုင်နေသည်။ CBC သတင်းဌာနနှင့် […]
လူရယ်လို့ ဖြစ်လာပြီဆိုရင် ပူဆွေး သောက အနည်းနဲ့အများတော့ ရှိကြစမြဲပါ။ လူတစ်ယောက်ချင်းစီအပေါ် မူတည်ပြီး ပူဆွေးသောကဖြစ်ရတဲ့ အကြောင်းအရင်းတွေ ကွဲပြားကြပါတယ်။ တစ်စုံတစ်ခုကြောင့် သို့မဟုတ် တစ်စုံတစ်ယောက်ကြောင့် ပူဆွေးသောက ရောက်ရတယ်ဆိုတာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးအတွက်ပါမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ ဒီတစ်ခေါက်တော့ ပူဆွေးသောက ဖြစ်ရခြင်းကို သက်သာစေမယ့် နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။ (၁) ကိုယ်ကြိုက်နှစ်သက်တာတွေကို လိုက်လုပ်ကြည့်ပါ Photo : SilverKris ပူဆွေး သောက ရောက်နေတဲ့အချိန်မှာ ချက်ချင်းကြီး သက်သာပျောက်ကင်းအောင် လုပ်လို့မရနိုင်ပါဘူး။ သင် ဘယ်လောက်ပဲ ဟန်ဆောင်နေပါစေ သင်ခံစားနေရတဲ့ ဝမ်းနည်းခြင်းဖြစ်စဉ်ဟာ သင့်ရဲ့မသိစိတ်ထဲမှာ ရှိနေမှာပါ။ တစ်ခါတစ်ရံ သင်ကိုယ်တိုင် သိသိသာသာမခံစားရဘဲလည်း နေတတ်ပါတယ်။ ဝမ်းနည်းပူဆွေးမှုတွေကို လျှော့ချနိုင်ဖို့အတွက် ကိုယ်ကြိုက်နှစ်သက်တာကို လုပ်ပေးဖို့ လိုအပ်ပါတယ်။ […]
(မိုးမခ) ဒီဇင်ဘာ ၇ ၊ ၂၀၂၄ (၁) အမေရိကန်ပြည် တွင် လူ ၃ ယောက်တွင် တစ်ယောက်ထက်ပို၍ ဆီးချိုရောဂါအကြို ဖြစ်နေကြသည်။ သွေးထဲတွင် သကြားပါဝင်နှုန်းသည် ရှိသင့်သည်ထက် ပိုများနေပြီး (Type 2) ပုံစံ ၂ ဆီးချိုရောဂါဖြစ်ရန် သေချာနေသည်။ လူ ၁၀ ယောက်တွင် တစ်ယောက်ထက်ပို၍ ဆီးချိုရောဂါဖြစ်နေကြသည်။ ဤရောဂါ၏ အကျိုးဆက်မှာ မျက်စိရောဂါ၊ နှလုံးရောဂါ၊ စထရုတ်နှင့် အခြားအရေးကြီးသော ကျန်းမားရေးဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်ပါသည်။ ထိုပြဿနာများကို သွေးတွင် ပါဝင်သည့် သကြားပါဝင်နှုန်းကို ထိန်းချုပ်ခြင်းအားဖြင့်တားဆီးနိုင်ပါသည်။ သင် ဘာကို စားသည်၊ ဘယ်အချိန်မှာ စားသည်၊ လေ့ကျင့်ခန်းယူခြင်း အလေ့အထ၊ စိတ်ဖိအားကို ဘယ်လောက် များများ ခံစားရသည်တို့ကို သင့်ကိုယ်ခန္ဓာအတွင်းရှိ […]