စစ်ကိုင်းတိုင်း ဝက်လက်မြို့မှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကြောင်းတကြောင်းလုံးပျက်စီးပြီး သေဆုံးမှုများတယ်လို့ ဒေသခံတွေက ပြောနေပါတယ်။ အုန်နှဲဘုတ် ကျေးရွာမှာလည်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးတာ ဖမ်းဆီးခံရတာတွေရှိတယ်လို့ ဆိုပါတယ်။ Source link
နောင်ချို၊ တောင်ခမ်းဒေသတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြား ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတွင် တိုက်ပွဲများဖြစ်ဆက်လက်ပြင်း ထန်နေပြီး စစ်သားများထိခိုက်သေဆုံးမှု များပြားကာ ရှေ့တန်းရောက်တော်လှန်ရေးတပ်ဖွဲ့ဝင်များအတွက် စစ်အသုံးအဆောင်များ လိုအပ်နေ၍ ကူညီပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။ လက်ရှိအချိန်အထိ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊တောင်ခမ်းဒေသတွင် တိုက်ပွဲများဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကလည်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများရှိသည့်အပြင် မြေပြင်မှလည်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများရှိကြောင်း၊ ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်မှု ကို ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ကျောက်မဲရိုင် PDF တပ်ဖွဲ့နှင့် ERO တပ်ဖွဲ့များ ပူး ပေါင်းကာ ခုခံတိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။ […]