ylliX - Online Advertising Network

Fact Check: အီလွန်မက်က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ နဲ့ဝယ်ဖို့ သဘောတူညီချက်ရတဲ့ သတင်းမှား

ကမ္ဘာ့ အချမ်းသာဆုံးသူဌေး အီလွန်မတ်(Elon Musk)က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ (၃ ဘီလီယံ) နဲ့ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတာဟာ တကယ်တော့ သရော်စာ တခုသာဖြစ်တယ်။  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပြီး နားလည်မှုလွဲစေနိုင်တဲ့ ဖြန့်ဝေမှုကို အောက်ပါ စခရင်ရှော့မှာ ကြည့်ပါ။ တူညီတဲ့ ‌ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာလည်းတွေ့ရပါတယ်။  “Tesla, Space X, StarLink  သူဋ္ဌေး အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း၃၀၀၀ ဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိထားဟုဆို။” မူရင်းလင်ခ့် – Facebook link | Archive link ဒီသရော်စာဟာ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေမှုတွေလည်းရှိခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ဒီနေရာနဲ့ […]

စီဒီအမ်ဗိုလ်မှူးဟိန်းသော်ဦးရဲ့ မိခင်က ပျောက်နေတဲ့ သူ့သားသတင်းကို သိထားရင်အသိပေးကြဖို့ သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

စစ်ကာင်စီအာဏာသိမ်းပြီးနောက်ပိုင်း အစောပိုင်း အမိန့်ဖီဆန် စီဒီအမ်ဝင်ခဲ့ကြသူတွေထဲမှာ ဗိုလ်မှူးဟိန်းသော်ဦးဟာ လူသိများပြီး ခုတော့ သူပျောက်ဆုံးနေခဲ့တာ သုံးနှစ်ခန့်ရှိသွားပါပြီ။ ထိုစဉ်က မီဒီယာများပေါ် အတွေ့ရများတဲ့ ဗိုလ်မှူးဟိန်းသော်ဦးမှာ ညီဖြစ်သူ စစ်ဗိုလ်ဘုန်းပြည့်လည်း စီဒီအမ်လုပ်ရာပါဝင်ခဲ့ပါတယ်။ ဗိုလ်မှူးနှင့်အတူ ညီအကိုနှစ်ဦးဟာ KNU နယ်မြေမှာခိုလှုံရင်း စစ်ကောင်စီကိုတော်လှန်မယ့် လူငယ်တွေကိုလည်း စစ်သင်တန်းပြသနေတာကို လူမှုကွန်ရက်ပေါ်မှာ မကြာခဏတွေ့မြင်ခဲ့ရပါတယ်။ မိခင်ဖြစ်သူလည်း သားတွေနဲ့အတူ ကူညီရင်း တော်လှန်မိသားစုဘဝကို ကျေနပ်ခဲ့ရဖူးပေမယ့် ခုတော့ သတင်းအစအနပျောက်သွားတဲ့ သားဖြစ်သူကိုပူပန်ပြီး ဝမ်းနည်းရတယ်လို့ မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းက မြေလတ်အသံသတင်းဌာနကို ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဩဂုတ် ၂၆ ရက် မနက်ပိုင်းမှာ ဗိုလ်မှူးဟိန်းသော်ဦးဟာ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားခဲ့ပြီး အဲ့ဒီနေ့ကစလို့ အားလုံးနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာ ဒီနေ့ထိတိုင်ဖြစ်ပါတယ်။ ထင်ရှားတဲ့ စီဒီအမ်အရာရှိတဦးအနေနဲ့ ဗိုလ်မှူးဟိန်းသော်ဦးရဲ့ မရေရာတဲ့သတင်းတွေကတော့ […]

CNN သတင်းဌာနကို အီလွန်မတ်စ် ဝယ်ယူမယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို Yang Aung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ နိုဝင်ဘာလ ၈ ရက်နေ့က ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ဆိုရှယ်မီဒီယာ Threads မှာ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေထားတဲ့ ပိုစ့်တစ်ခုကို ဘာသာပြန်ပြီး ‘’Tesla, Space X, StarLink သူဋ္ဌေး အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း ၃၀၀၀ ဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိထား ဟုဆို’ လို့ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း ၃ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုတဲ့ ပိုစ့်တွေကို ဆိုရှယ်မီဒီယာ Threads ပေါ်မှာလည်း အင်္ဂလိပ်ဘာသာစကားနဲ့ […]