မိုးမခ၊ ဇန်နဝါရီ ၂၊ ၂၀၂၅ မြန်မာနဲ့ ကမ္ဘာတဝန်း တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေနဲ့ နှစ်သစ်ကို စတင် ၂၀၂၅ ခုနှစ် နှစ်သစ်ကို ကမ္ဘာတဝန်းမှာ ဖျက်အားပြင်းတဲ့ စစ်လက်နက်တွေနဲ့ တိုက်ခိုက်မှု၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ အပြင် လူအုပ်ကြီးထဲကို ကားနဲ့ ဝင်ရောက်ပြီး လူသေဆုံးမှုများနိုင်သမျှ များအောင် လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ဖြတ်သန်းခဲ့ကြသလိုပဲ မြန်မာနိုင်ငံမှာလည်း ဒုက္ခသည်စခန်းတွေကို ဗုံးကြဲတာ၊ လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းတိုက်ပွဲတွေ၊ ဖမ်းဆီး သတ်ဖြတ်မှု၊ အတင်းဓမ္မ စစ်သားစုဆောင်းမှုတွေနဲ့ စတင်ခဲ့တာ တွေ့ရပါတယ်။ ဥရောပတိုက်မှာ ၃ နှစ်နီးပါး ကြာမြင့်လာတဲ့ ယူကရိန်း-ရုရှား စစ်ပွဲမှာလည်း နှစ်သစ်ကူး အချိန်အခါမှာ တဖက်နဲ့တဖက် ဒုံးကျည်၊ ဒရုန်းလက်နက်တွေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး ၁ နှစ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ ဟားမားစ် […]