မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ လက်ကျန် စစ်ကောင်စီတပ် ၃ တပ်နေရာများတွင် တိုက်ပွဲများနေ့စဉ် ဖြစ်ပွားလျက်ရှိပြီး ဒီဇင်ဘာ ၃၁ ရက်က တွင်းငယ်ရွာအနီး တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြောသည်။ မန္တလေး-မြစ်ကြီးနားလမ်းပေါ်မှ အိမ်ခြေ တစ်ထောင်ကျော်ရှိသည့် တိုက်နယ်ရွာကြီးဖြစ်သည့် ထိုရွာကို ဒီဇင်ဘာလဆန်း၌ နေရာပြန်ရယူထားသည့် စစ်တပ်က ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း သိရ သည်။ ဒီဇင်ဘာ ၃၁ ရက် နှစ်ကူးနေ့တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ပြန်လည်၍ မြေပြင် ထိုးစစ် ဆင်ခဲ့သည်ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က Myanmar Now ကို ပြောသည်။ “၃၁ ရက်နေ့ မနက်အစောကြီးကတည်းက သူတို့ လာတိုက်တယ်။ အင်အားအလုံးအရင်းနဲ့ သူတို့ ရှေ့ကို […]