လတ်တလောရေပန်းအစားဆုံးဖြစ်နေသည့် ထိုင်း – မြန်မာ နယ်စပ်က အွန်လိုင်းငွေလိ–မ်ဂိုဏ်များကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားရန် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြလာသည်။ ဇန်နဝါရီ (၁၇) ရက်က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းဝေးသို့ မြန်မာနိုင်ငံဘက်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံကာ သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ်၏ ဖော်ပြချက်အရ သိရသည်။ ထိုင်း – မြန်မာနယ်စပ်တလျှောက် မြန်မာဘက်ခြမ်းရှိ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် ဧရိယာအတွင်း တရုတ် စီးပွားရေးလုပ်ငန်းရှင်များက အွန်လိုင်းလေ-ာင်းကစားရုံများ၊ ဖျော်ဖြေရေးလုပ်ငန်းများ အမည်ခံလုပ်ဆောင်နေသည့် လုပ်ငန်းများတွင် တရားဝမင် လူမှေ-ာင်ခိုမှုများ၊ မူ-းယ-စ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊ […]
ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာပါဝင်တဲ့အချက်တွေကို အစ္စရေး လုံခြုံရေးဆိုင်ရာ ဝန်ကြီးအဖွဲ့က သဘောတူလိုက်ပါပြီ။ ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓားစာခံတွေပြန်လွတ်လာရေးအပါအဝင် အပစ်ရပ်ရေးသဘောတူညီချက်တွေကို လက်ခံသင့်တယ်လို့ လုံခြုံရေးဆိုင်ရာဝန်ကြီးအဖွဲ့က အစ္စရေး အစိုးရကို အကြံပြုလိုက်ပြီလို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ တကယ်လို့ အစ္စရေးအစိုးရ အစည်းအဝေးမှာ သဘောတူညီမှုကို အတည်ပြုနိုင်မယ်ဆိုရင် ဖမ်းဆီးခံထားရသူတွေ တနင်္ဂနွေနေ့မှာ အစောဆုံးပြန်လွတ်လာနိုင်တယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဒီနေ့ အစောပိုင်းက ပြောကြားခဲ့ပါတယ်။ မနေ့ ကြာသပတေးနေ့တုန်းကတော့ Hamas အဖွဲ့ဘက်က သဘောတူညီချက်မှာ သူတို့လိုချင်တာတွေ ထပ်ထည့်နိုင်အောင် နောက်ဆုံးအချိန်အထိ အကျပ်ကိုင်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ်က စွပ်စွဲခဲ့ ပါတယ်။ လက်ယာစွန်းရောက် အစ္စရေးလုံခြုံရေးဝန်ကြီးကလည်း ဒီသဘောတူညီချက်ကို အတည်ပြုပေးရင် အစိုးရအဖွဲ့ထဲက နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် သဘောတူညီချက် ပျက်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ […]
ဆီးရီးယားအာဏာရှင် Bashar al-Assad ကို တိုက်ထုတ်ရာမှာ ဦးဆောင်ခဲ့တဲ့ Ahmad al-Sharaa နဲ့ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေအကြား အစည်းအဝေးတရပ်လုပ်ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်လာတာပါ။ Source link
ဆီးရီးယားနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့တွေကို ဖျက်သိမ်းပြီး၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ တစုတဖွဲ့တည်းအဖြစ်ထားဖို့ သဘောတူလိုက်ကြပြီလို့ ဆီးရီးယား အာဏာပိုင်သစ်က ကြေညာပါတယ်။ ဆီးရီးယားအာဏာရှင် Bashar al-Assad ကို တိုက်ထုတ်ရာမှာ ဦးဆောင်ခဲ့တဲ့ Ahmad al-Sharaa နဲ့ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေအကြား အစည်းအဝေးတရပ်လုပ်ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်လာတာပါ။ အာဆပ်ပြုတ်ကျသွားပြီးကတည်းက ကမ္ဘာအရပ်ရပ်က အစိုးရတွေဟာ ဆီးရီးယားအနာဂတ်ကို စိုးရိမ်ပြီး ဆီးရီးယားနိုင်ငံကို ကိုယ်စားလှယ်တွေ စေလွှတ်နေကြပါတယ်။ အဲဒီထဲ စိုးရိမ်မှုတခုကတော့ ၂၀၁၄ ခုနှစ်က ဆီးရီးယားအရှေ့ပိုင်းဒေသနဲ့ အီရတ်နောက်ခြမ်းဒေသတွေကို သိမ်းယူခဲ့တဲ့ IS စစ်သွေးကြွအဖွဲ့တွေ ပြန်ပြီးခေါင်းထောင်လာမလားဆိုတာပါ။ တနင်္လာနေ့ကတော့ ဆီးရီးယားနိုင်ငံ အရှေ့ခြမ်း အမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း IS စစ်သွေးကြွနှစ်ဦး သေဆုံးတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ အစိုးရတရပ် တရားဝင်ဖွဲ့စည်းပြီးရင် ရေကြောင်းပိုင်နက် […]
အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေသည့် မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းကာ မွန်တပ်တော် တစ်ရပ်ပေါ်ထွန်းလာရန် သဘောတူညီခဲ့ပြီး ပူးတွဲစစ်ရေးလှုပ်ရှားမှုများ စတင်သွားမည်ဖြစ်ကြောင်း ထိုအဖွဲ့များထံက သိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် မွန်လက်နက်တော်လှန်ရေး အင်အားစုများ ဖြစ်သည့် မွန်ပြည်လွတ်မြောက် ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA – AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ယမန်နေ့ က တော်လှန်ရေးနယ်မြေ တစ်ခုတွင် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်အစည်းအဝေး ပြုလုပ်ပြီးနောက် ဒီဇင်ဘာ ၁၉ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ “ကျွန်တော်တို့ တကွဲတပြားဖော် ဆောင်နေတာထက်စာရင် တစုတစည်းတည်းဖော်ဆောင်တာမျိုးက ပိုပြီးတော့ထိရောက်တယ်။ ပိုပြီးတော့လည်း သဘာဝကျတယ်။ ဒါကြောင့် ကျွန်တော်တို့က တပ်တော် တစ်ခုတည်း ဖြစ်ပေါ် လာရေးမူကို ချမှတ်လိုက်တာဖြစ်ပါတယ်”ဟု မွန်ပြည်လွတ်မြောက်ရေးတပ်တော် […]