သျှမ်းပြည်တောင်ပိုင်းသို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ စစ်အင်အား အလုံးအရင်း ဖြည့်တင်းနေသည်ဆိုသည့် ရုပ်သံများ လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး လူမှုကွန်ယက်စာမျက်နှာဖြစ်သည့် TikTok နှင့် ဖေ့စ်ဘုတ် Facebook များတွင် ပျံ့နှံ့နေသည့် ရုပ်သံများထဲတွင် UWSA တပ်သားအများအပြား ကားလမ်းမကြီးပေါ် ‘ဝ’အလံ လွှင့်ထူကာ ချီတက်နေခြင်း၊ ချောင်းစပ်တနေရာတွင် ကမ်းကူးနေခြင်းများ မြင်တွေ့ရသည်။ ယခုပျံ့နှံ့နေသည့် ရုပ်သံျများနှင့် ဆက်စပ်၍ ‘ဝ’တပ်ဖွဲ့ UWSA မှ စစ်အင်အား အလုံးအရင်းဖြင့် သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO နှင့် သျှမ်းတပ် RCSS/SSA ထိန်းချုပ်နယ်စပ်များအထိ အင်အားဖြည့်တင်းလာနေသည်ဆိုသည့် ပြောဆိုချက်သည် ယမန်နှစ် ၂၀၂၄ ကတည်းက ပြည်သူများအကြား ပျံ့နှံ့နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ […]