မြန်မာ-တရုတ်နယ်စပ် တလျှောက် နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်မှ စတင်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နယ်စပ်ဂိတ် အပြည့်အဝ စီမံခန့်ခွဲရန် ပြောဆိုပြီးနောက် တရုတ်နိုင်ငံဘက်မှ ၎င်းကုန်သွယ်ရေးဂိတ်များကို အကန့်အသတ်မရှိ ပိတ်ထားခဲ့ခြင်းကြောင့် သျှမ်းပြည်မြောက်ပိုင်း ဒေသခံများ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြရပါတယ်။ ဒါ့အပြင် သျှမ်းပြည် တောင်ပိုင်းမှ တဆင့် သျှမ်းပြည်မြောက်ပိုင်းသို့ တင်ပို့မည့် ကုန်ပစ္စည်းများ အဓိကအားဖြင့် ဆန်၊ စက်သုံးဆီပစ္စည်းများ၊စားသောက်ကုန်အခြောက်အခြမ်းများကိုလည်း မိုင်းကိုင်စစ်ကောင်စီတပ်မှ ပိတ်ဆို့ထားပါတယ်။ အခုလို့သျှမ်းပြည်မြောက်ပိုင်းအတွင်းသို့ ကုန်သွယ်စီးဆင်းမှုမရနိုင်အောင် စစ်ကောင်စီက အဘက်ဘက်ပိတ်ဆို့ထားမှုကြောင့် စစ်ရေးထပ်မံပြင်းထန်လာမှာကို ပြည်သူတွေက စိုးရိမ်သလို ကုန်စျေးနှုန်းတွေလည်း မြင့်တက်လာခဲ့ပါတယ်။ တဖက်မှာလည်း အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့အတွက် လူငယ်တွေဟာ ကျားဖြန့်လုပ်ငန်းဘက် ရွှေ့ပြောင်းလုပ်ကိုင်လာနေကြပါတယ်။ ဒါ့အပြင် သျှမ်းမြောက်ဒေသ အတွင်းသို့ ပို့ကုန်၊ သွင်းကုန်မှု ပိတ်ဆို့ […]