ylliX - Online Advertising Network

တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချသူ(၁၇)ဦးကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့်အရေးယူ

ပြည်မအတွင်းမှ စက်သုံးဆီများသယ်ဆောင်ရောင်းချခြင်းမပြုရန် ပိတ်ဆို့တားဆီးထားသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အချို့ဒေသများသို့ရောင်းချရန် တရားမဝင်စက်သုံးဆီများကိုသိုလှောင်ထားသူ(၁၇)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်နက်ကိုင်အဖွဲ့များအခြေပြုနေထိုင်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိအချို့ဒေသများသို့ ရှောင်ကွင်းလမ်းများအသုံးပြုကာ သယ်ဆောင်ရောင်းချရန် တရားမဝင်စက်သုံးဆီများအား စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် ဆီသိုလှောင်ခြံများပြုလုပ်၍ သိုလှောင်ရောင်းချနေကြောင်းသတင်းအရ လုံခြုံရေးအဖွဲ့ဝင်များမှ ဒီဇင်ဘာ ၂၇ ရက်နေ့လည် ၁ နာရီက ဝင်ရောက်စစ်ဆေးခဲ့ကြသည်။ မန္တလေးမြို့နေ ဦးသိန်းသန်းဝင်း(တိမ်းရှောင်)ပိုင်ဆိုင်သည့် သိန်းသန်းစက်သုံးဆီခြံ၊ ဆားတောင်မြို့နေ ဒေါ်ထက်ထက်မျိုးဆွေ(၂၆)နှစ်ဦးစီးလုပ်ကိုင်သည့် စက်သုံးဆီခြံ၊ မြင်းမူမြို့နေ ဒေါ်ဇင်မာမြင့်(၂၇)နှစ်ဦးစီးလုပ်ကိုင်သည့် စက်သုံးဆီခြံ၊ မြစ်ငယ်မြို့နေ မျိုးမင်း(တိမ်းရှောင်)ပိုင်ဆိုင်သည့် စက်သုံးဆီခြံနှင့် Golden Star စားသောက်ဆိုင်အနီးတွင်ရပ်ထားသည့် တရားမဝင်စက်သုံးဆီရောင်းဝယ်သောကားများကို စစ်ဆေးခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာ တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချသူ(၁၇)ဦးကို ၂၂ ဘီးဆီသယ်ကား ၄ စီး၊ ဆီနောက်တွဲယာဉ် ၁ […]