မြန်မာ့အရေးမှာ “တရုတ် မုန်းတီးရေး” ကို ရှေ့တန်းတင်လို့ မရဘူးလို့ သုတေသီတချို့က သုံးသပ်သလို တရုတ်နဲ့ ဆက်ဆံရေးကို NUG အနေနဲ့ ပိုပြီး နားလည်ဖို့ လိုတယ်၊ စစ်ကောင်စီကလည်း တရုတ်နဲ့ လုံခြုံရေး ပူးပေါင်းမှုအထိ လုပ်လာရနိုင်ဖွယ် ရှိတယ်လို့ သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းတင်ပြထားပါတယ်။ Source link
မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍပေါင်းစုံနည်းတူ စိုက်ပျိုးရေးကဏ္ဍဟာလည်း အခက်အခဲ ပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရုန်းကန်နေရပါတယ်။ စိုက်ပျိုးစရိတ် သွင်းအားစုဈေး မြင့်တက်နေပြီး နယ်မြေမတည်ငြိမ်မှုကြောင့် တောင်သူတွေ အကြွေးနွံ့နစ် ဒုက္ခရောက်နေကြ ရသလို ကုန်သည်တွေဟာလည်း ပြည်ပတင်ပို့မှု အခွင့်အလမ်းတွေ လျော့ကျတာအပြင် ပို့ကုန်မူဝါဒတွေကြောင့် အခက်ကြုံ နေရဆဲ ဖြစ်ပါတယ်။ အလားတူပဲ ငွေကြေးဖောင်းပွမှုနဲ့ ဝင်ငွေနည်းပါးမှုများကြားက စားသုံးသူ ပြည်သူတွေဟာလည်း နေ့စဉ်စားသုံးနေရတဲ့ စိုက် ပျိုးရေးထွက်ကုန်တွေရဲ့ ဈေးကြီးမြင့်မှုဒဏ်ကို ခါးစည်းခံနေကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်စပ်ဂိတ်တွေ အားလုံးရဲ့ အများစုဟာ ကုန်သွယ်ရေးမလုပ်နိုင်တာကြောင့် မြန်မာနိုင်ငံက စိုက်ပျိုးရေး ထွက် ကုန်တွေအတွက် လမ်းကြောင်းသစ်ရှာ တင်ပို့ရတာတွေ လုပ်ခဲ့ရသလို၊ မြန်မာနိုင်ငံက သစ်သီးဝလံတွေအတွက် အဓိက ဈေး ကွက်ဖြစ်တဲ့ တရုတ်နိုင်ငံဘက်ကို မြန်မာ့လယ်ယာထွက်ကုန်တွေ တင်ပို့ရာမှာလည်း နယ်စပ်ဂိတွေ […]
မြန်မာစစ်တပ်အတွင်း ထိပ်ပိုင်းရာထူးတချို့ အပြောင်းအလဲဖြစ်ပြီး၊ အရေးပါတဲ့ ကြည်းရေလေ ညှိုနှိုင်းကွပ်ကဲရေးမှုးအဖြစ် စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းဖြစ်လာပါတယ်။ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲနဲ့ပတ်သက်လို့ သုံးသပ်ချက်တွေ ကိုဝင်းမင်း စုစည်းတင်ဆက်ထားပါတယ်။ Source link
မြန်မာစစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကြည့်မယ်ဆိုရင် တရုတ်အစိုးရနဲ့ စစ်ကောင်စီတို့အကြား နှစ်ဖက်စလုံး အကျိုးစီးပွားအပေါ်မှာ တည်နေတယ်လို့ သုံးသပ်ယူဆကြပါတယ်။ တရုတ်ဘက်က ပထဝီအကျိုးစီးပွားရှိသလို၊ စစ်ကောင်စီဘက်မှာလည်း လုံခြုံရေးဆိုင်ရာအကူအညီလိုအပ်ချက်ကြောင့် ဖြစ်မယ်လို့ ယူဆကြတာပါ။ Source link
မြန်မာစစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကြည့်မယ်ဆိုရင် တရုတ်အစိုးရနဲ့ စစ်ကောင်စီတို့အကြား နှစ်ဖက်စလုံး အကျိုးစီးပွားအပေါ်မှာ တည်နေတယ်လို့ သုံးသပ်ယူဆကြပါတယ်။ တရုတ်ဘက်က ပထဝီအကျိုးစီးပွားရှိသလို၊ စစ်ကောင်စီဘက်မှာလည်း လုံခြုံရေးဆိုင်ရာအကူအညီလိုအပ်ချက်ကြောင့် ဖြစ်မယ်လို့ ယူဆကြတာပါ။ ကိုဝင်မင်းဆက်သွယ်မေးမြန်းထားပါတယ်။ တရုတ်ဝန်ကြီးချုပ် Li Qiang က တရုတ်ရဲ့ အိမ်နီးချင်း သံတမန်ရေးမှာ မြန်မာကို အရေးပါတဲ့နေရာ အမြဲထားပြီး နိုင်ငံရေးပြန်လည်သင့်မြတ်ရေးနဲ့ အပြောင်းအလဲတွေ ဖြစ်ရေး ကူညီနေတယ်လို့ပြောပြီး၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ ငြိမ်းချမ်းသင့်မြတ်ရေးနဲ့ လူမူစီးပွားအကူအညီပေးတာကို ကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့တာကို Xinhua သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အခုလို တရုတ်ကနေ ဖိတ်ခေါ်မှာကို အာဏာသိမ်းပြီးကတည်းက ကြိုးပမ်းလာပေမဲ့ အရင်တောက်လျှောက် ငြင်းပယ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်မှာ နှစ်ဖက် ပြောင်းလဲလာတာကို အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့ USIP က မြန်မာဆိုင်ရာ ညွန်ကြားရေးမူး […]