(အာသံ၊ ၁၁-၁-၂၀၂၅) အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ Charaideo ဒေသတွင်ကျင်းပပြုလုပ်သည့် Charaideo Festival 2025 သို့ ဧည့်သည်တော်အကြီးအကဲအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။ Charaideo Festival 2025 အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၄၆) ကြိမ် မြောက်ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေး၌ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်အသိအမှတ်ပြုခဲ့သော အာသံပြည်နယ်၏ သမိုင်းဝင်ထင်ရှားကျော်ကြားသည့် Ahom Kingdom ၏ ဘုရင်များနှင့်မိဖုရားများ၏ဂူဗိမာန် Charaideo Moidams အား ဂုဏ်ပြုသောအားဖြင့် အာသံပြည်နယ် Folk Culture Research Development Committee က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ Arunachal Pradesh ပြည်နယ်၏ စိုက်ပျိုးရေး၊မွေးမြူရေး၊ တိရစ္ဆာန်မွေးမြူရေး၊တိရစ္ဆာန်ဆေးကုနှင့် […]
(၇-၁-၂၀၂၅ရက်၊ နေပြည်တော်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗန်ကောက်မြို့အခြေစိုက် အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ နာစီရာဒင် ဟေဒါရီ အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်၊ နံနက် (၁၁၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-အီရန် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ Source link
ဒေါ်နယ်ထရမ့် ဂျူနီယာသည် အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်ရွေးကောက်ခံထားရသော ဒေါ်နယ်ထရမ့်၏ အကြီးဆုံးသား ဖြစ်သည်။ ကင်ဘာလေ ဂဲဖွိုင် (Kimberly Guilfoyle ) သည် ဒေါ်နယ်ထရမ့်၏ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ရန်ပုံငွေရရှိရန် ဦးဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ဒေါ်နယ်ထရမ့်က သူမအား ဂရိနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ကင်ဘာလေသည် ထရမ့်ဂျူနီယာမတိုင်မီ အိမ်ထောင် ၂ ဆက် ရှိခဲ့ဘူးပြီး ဆန်ဖရန်စစ္စကိုမြို့တော်ဝန် ဂါဗင်နယူးဆမ်နှင့် ပရိဘောဂလုပ်ငန်းရှင်တို့ ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ကင်ဘာလေက ထရမ့်ဂျူနီယာနှင့် ချစ်ကြိုက်ခဲ့ပြီး လက်မထပ်ဘဲ အတူနေလျက် ရှိသည်။ ယခုအခါ ထရမ့်ဂျူနီယာက ဖလော်ရီဒါပြည်နယ်မှ ဘက်တီနာ အန်ဒါဆန်ဟူသော မိန်းကလေးနှင့် ချစ်ကြိုက်နေကြောင်း သတင်းများ […]
တဲလ်အဗီး၊ ဒီဇင်ဘာ ၁၅ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ly Duc Trung ၏ ဖိတ်ကြားချက် အရ တဲလ်အဗီးမြို့ရှိ Beit Amot Mishpat Tower တွင် ပြုလုပ်ခဲ့သည့် ၈၀ ပြည့်နှစ်မြောက် ဗီယက်နမ်ပြည်သူ့ တပ်မတော်ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ တဲလ်အဗီးမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link
(၁၅-၁၂-၂၀၂၄ ရက်၊ တဲလ်အဗီး) အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ly Duc Trung ၏ ဖိတ်ကြားချက် အရ တဲလ်အဗီးမြို့ရှိ Beit Amot Mishpat Tower တွင် ပြုလုပ်ခဲ့သည့် ၈၀ ပြည့်နှစ်မြောက် ဗီယက်နမ်ပြည်သူ့ တပ်မတော်ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တဲလ်အဗီးမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source link
(၁၂-၁၂-၂၀၂၄ ရက်၊ ကိုလံဘို) သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်သည် ၁၂-၁၂-၂၀၂၄ ရက် (ကြာသပတေးနေ့) က ကိုလံဘိုမြို့ Cinnamon Grand ဟိုတယ်၌ ကျင်းပခဲ့သည့် သီရိလင်္ကာကုန်သည်ကြီးများအသင်း၊ သီရိလင်္ကာ – မဲခေါင် စီးပွားရေးကောင်စီ၏ ၁၃ ကြိမ် မြောက်နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ အစည်းအဝေး တွင် သံအမတ်ကြီးက သီရိလင်္ကာနှင့် မြန်မာနိုင်ငံတို့အကြား ခရီးသွား၊ စိုက်ပျိုးရေး၊ (အထူး သဖြင့် အုန်းနှင့်လက်ဖက်လုပ်ငန်းများ) ကျောက်မျက်ရတနာ၊ ရေကြောင်းပို့ဆောင်ရေး၊ နည်းပညာ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ Source link
(၁၀-၁၂-၂၀၂၄ ရက်၊ နေပြည်တော်) နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အင်မရန် ဟိုက်ဒါ အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်၊ (၁၃၃၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက် ခိုင်မာရေးနှင့် ကဏ္ဍမျိုးစုံတွင် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ *************************** Source link
ကုလသမဂ္ဂကိုယ်စားလှယ် စိစစ်ရေးကော်မတီမှာ မြန်မာနိုင်ငံဘက်က ကိုယ်စားပြုဖို့ ကိုယ်စားလှယ် ၂ ယောက် လျှောက်ထားတဲ့အတွက် ဘယ်သူ့ကို ရွေးချယ်ရမယ်ဆိုတာ စဉ်းစားဆုံးဖြတ်နိုင်ရေး ရွှေ့ဆိုင်းထားဖို့ ကော်မတီဥက္ကဋ္ဌက ဆုံးဖြတ်ချက်မူကြမ်းချခဲ့ပါတယ်။ Source link
မြန်မာနိုင်ငံကိုယ်စားပြုပြီး ကုလသမဂ္ဂတာဝန်တွေဆက်လက်ထမ်းဆောင်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရပ်တည်ခွင့်ပြုလိုက်ကြောင်း ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်ရေးကော်မတီ (Credential Committee) က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အ ဖြစ် ၁ နှစ်ထပ်မံ သက်တမ်းတိုး တာဝန်ထမ်းဆောင်ခွင့်ရရှိသွားတာဖြစ်ပါတယ်။ဒါဟာ ပြည်သူ့ဆန္ဒသဘောထားအမှန်တွေကို ကုလသမ္မဂကတဆင့် ကမ္ဘာကသိအောင် ဆက်လက်ထုတ်ဖော်ပြောဆိုခွင့်ရမှာဖြစ်ပြီး ပြည်သူတွေရဲ့ အောင်ပွဲဖြစ်တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။ အမြဲလိမ်ညာသတင်းထုတ်ပြန်နေတဲ့ စစ်ကောင်စီဟာ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ အခုနှစ်မှာလည်းကြိုးပမ်းခဲ့ပြီး နှစ်တိုင်းအောင်မြင်မှုမရရှိခဲ့ပါဘူး။ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ရှိနေခြင်းဟာ မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကမ္ဘာကသိအောင် ထုတ်ဖော်ပြောဆိုနိုင်ရုံသာမက ထိရောက်တဲ့အရေးယူမှုတွေပြုနိုင်ဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲလည်းဖြစ်ပါတယ်။သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမြန်မာကိုယ်စားပြုအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး စစ်အာဏာသိမ်းချိန်အစမှာလည်း မြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်း ကုလအစည်းဝေးပွဲမှာ […]
(၅-၁၂-၂၀၂၄ ရက်၊ နေပြည်တော်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ (၁၀၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သမိုင်းကြောင်း အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ဘုံ အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများအလိုက် တည်ရှိပြီး နှစ်နိုင်ငံ ယန္တရားများမှတစ်ဆင့် ခိုင်မာစေရေးနှင့် နှစ်နိုင်ငံ အကျိုးရှိစေမည့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ရင်းနှီး ပွင်းလင်း၍ အပြုသဘောဆောင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ Source link