ylliX - Online Advertising Network

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင် ကျင်းပပြုလုပ်သည့် Charaideo Festival 2025 သို့ သံအမတ်ကြီး ဦးဇော်ဦး တက်ရောက်


(အာသံ၊ ၁၁-၁-၂၀၂၅)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ Charaideo ဒေသတွင်ကျင်းပပြုလုပ်သည့် Charaideo Festival 2025 သို့ ဧည့်သည်တော်အကြီးအကဲအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။ 

Charaideo Festival 2025 အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၄၆) ကြိမ် မြောက်ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေး၌ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်အသိအမှတ်ပြုခဲ့သော အာသံပြည်နယ်၏ သမိုင်းဝင်ထင်ရှားကျော်ကြားသည့် Ahom Kingdom ၏ ဘုရင်များနှင့်မိဖုရားများ၏ဂူဗိမာန် Charaideo Moidams အား ဂုဏ်ပြုသောအားဖြင့် အာသံပြည်နယ် Folk Culture Research Development Committee က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ Arunachal Pradesh ပြည်နယ်၏ စိုက်ပျိုးရေး၊မွေးမြူရေး၊ တိရစ္ဆာန်မွေးမြူရေး၊တိရစ္ဆာန်ဆေးကုနှင့် နို့ထွက်ပစ္စည်းဖွံ့ဖြိုးတိုးတက်ရေး၊ ရေလုပ်ငန်း၊ စားသုံးသူရေးရာနှင့် မြို့ပြထောက်ပံ့ရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာနှင့် စားသုံးသူရေးရာဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ Gabriel D. Wangsu နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ လာအို၊ ဂါနာနှင့် မာလာဝီနိုင်ငံများမှ သံတမန်များလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။ 

 Charaideo Moidams သည် ယဉ်ကျေးမှုအမျိုးအစားအရ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းသို့ အိန္ဒိယအရှေ့မြောက်ပိုင်းမှ ပထမဆုံးအဖြစ် ထည့်သွင်းအသိအမှတ်ပြုခြင်းခံရသည့် နေရာတစ်ခုဖြစ်ပြီး ယခုအထိမ်းအမှတ်ပွဲတော်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်မှ ၁၁ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 



Source link

Leave a Reply

Your email address will not be published. Required fields are marked *