ပွင့်ဖြူမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် moiuser5 Mon, 01/06/2025 – 15:55 Source link
မုံရွာ၊ ဒီဇင်ဘာ ၂၉ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သော အားကစားသမားများ/ အုပ်ချုပ်/နည်းပြများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆုရအားကစားသမားများ၊ အုပ်ချုပ်/နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုကျင်းပပြီးသွားသည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သည် ပြည်တွင်း၌ကျင်းပသည့် အားကစားပြိုင်ပွဲများအနက် အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးတစ်ခုလည်းဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများ၊ အုပ်ချုပ်/နည်းပြများ အားကစားသမားများအားလုံးအတွက် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အစွမ်းကုန်ကြိုးစားအားထုတ်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲကြီးတစ်ပွဲဖြစ်ခဲ့ပါကြောင်း၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးမှ မိမိတို့တိုင်းဒေသကြီးအနေဖြင့် မြန်မာ့လက်ရွေးစင်ပဏာမအဖြစ် ဘတ်စကက်ဘော အမျိုးသား (၅)ဦး၊ […]
ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများတွင် အားကစားဝါသနာရှင်များ ဝင်ရောက်ကြည့်ရှုနိုင် နေပြည်တော်၊ ဒီဇင်ဘာ(၈)ရက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆)မျိုး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း(၂၃)မျိုးဖြင့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားဥယျာဉ်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများ၊ ပြည်ထောင်စု နယ်မြေနေပြည်တော် အားကစားကွင်း/ အားကစားရုံ(ရွှေကြာပင်)၊ ပေါင်းလောင်း အားကစားကွင်း၊ နေပြည်တော်လေ့ကျင့်ရေးကွင်း(၂)(လယ်ဝေး)၊ လယ်ဝေးမြို့နယ် အားကစားကွင်းနှင့် ပျဉ်းမနားမြို့ဘောဂဝတီအားကစားကွင်းတို့တွင် ကျင်းပလျက် ရှိပါသည်။ ပြိုင်ပွဲအသီးသီးသို့ ကြည့်ရှုအားပေးလိုသော အားကစားဝါသနာရှင်ပြည်သူများ အနေဖြင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းဂိတ်(၃)တွင်လည်းကောင်း၊ ပြိုင်ပွဲကွင်း/ရုံအသီးသီး ဝင်ပေါက်ဂိတ်များတွင်လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်(သို့မဟုတ်) ယာဉ်မောင်း လိုင်စင်ဖြင့် ယာယီဝင်ထွက်ကတ်ပြားများကိုလဲလှယ်၍ အခမဲ့ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။ Source link